33.6 C
Yangon

ကိုးကန့်ဒေသရှိ စစ်တပ်၏ တပ်စခန်း ၂ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်၊ ကိုးကန့် တိုင်းရင်းသားများ၏ ရိုးရာ၊ ဘာသာရေး အဆောက်အအုံများကို စစ်တပ်က ဖျက်ဆီးခဲ့

Must read

ကိုးကန့်ဒေသရှိ စစ်တပ်၏ တပ်စခန်း ၂ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်၊ ကိုးကန့် တိုင်းရင်းသားများ၏ ရိုးရာ၊ ဘာသာရေး အဆောက်အအုံများကို စစ်တပ်က ဖျက်ဆီးခဲ့

ရန်ကုန်၊ နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၂ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်ခဲ့ကြောင်း MNDAA ၏ သတင်းပြန်ကြားရေး The Kokang က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် MNDAA က ရှီးရှမ်းဒေသ၊ လူရွှေအနီး သူ့ကြားလယ်ကွင်းအနောက်တောင်ကုန်းတွင် အခြေချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို ဒရုန်းဖြင့် ပစ်ခတ်ပြီးနောက် ခြေလျင်တပ်ဖွဲ့ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ကာ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပြီး လက်နက် ခဲယမ်း အချို့ သိမ်းဆည်း ရရှိခဲ့ကြောင်း၊ ဖောက်လုပ်တောင် စခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီ အဖွဲ့ဝင် ၁ ဦးသည် ရှီးရှမ်း ဒေသအုပ်ချုပ်ရေးအဖွဲ့ထံ အလင်းဝင်လာကြောင်း သိရသည်။

အလားတူ တုန်းရှမ်းဒေသ ရှိဟူတောင်နေရာရှိ စစ်ကောင်စီ၏ တပ်စခန်းကို မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင် MNDAA က ဒရုန်း ပစ်ကူမှုဖြင့် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့သည် လောက်ရှုကုတ်ရွာမှ MNDAA အခြေချ နေထိုင်ရာ လောက်ရှုကုတ်အနောက်တောင်ကုန်းကို ချီတက်လာပြီး မွန်းလွဲ ၁၁ နာရီခန့် တွင် စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်းခွဲ၍ MNDAA ကို ထိုးစစ်တိုက်ခိုက်လာကာ တိုက်ပွဲဖြစ်ပွားပြီး MNDAA က စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လောက်ရှုကုတ်ရွာထိ နောက်ပြန်ဆုတ် ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

MNDAA က တိုက်ပွဲဖြစ်ပွားရာ နေရာကို နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ချိန်တွင် ၆၀ မမ အမြောက်၂ လက် ၊ရိုင်ဖယ် ၄ လက် (၈၁အမျိုး အစား ၁ လက်အပါအဝင်) ၊ ပစ်စတို ၁ လက် စသည့်လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့မှ စွန့်ပစ်ခဲ့သော အလောင်း ၄ လောင်းတွေ့ရှိခဲ့ပြီး ဗိုလ်အဆင့် အရာရှိ ၁ ဦးလည်း ပါဝင်ကြောင်း၊ ယင်း ထိတွေ့ တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်မှ စစ်သား ၁၀ ဦးခန့် ထိခိုက် သေဆုံးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် MNDAA က ဒရုန်းပစ်ကူမှုဖြင့် ရင့်ရှင့် ၊ ကွမ်ညိုရှမ်းရာခုတ် နေရာတွင် အခြေချ နေထိုင်သော စစ်ကောင်စီစခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၃ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

သိန္နီမြို့နယ်တွင်လည်း နိုဝင်ဘာလ ၂၂ ရက်နေ့၌ MNDAA နှင့် ဒေသ လုံခြုံရေးအဖွဲ့တို့သည် မူပန်ခရိုင် ၊ မူပန်ဒေသ ၊ ဟိုပင်အုပ်စု ၊ ၁၃၊ ၁၄ မိုင် နေရာတွင် အခြေချနေထိုင်သော စစ်ကောင်စီတပ်စခန်းကို ဒရုန်းများဖြင့် ၁ ကြိမ်ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် ကိုးကန့်နယ်မြေအတွင်း တောင်ကုန်းများပေါ် ရှိ ကိုးကန့်တိုင်းရင်းသားများ၏ ရိုးရာယဥ်ကျေးမှုအမွေအနှစ်များ နှင့် ဘာသာရေးကျောင်းများကို ဖျက်ဆီးခဲ့ပြီး တပ်စခန်းများတည်‌ဆောက်ခဲ့ကြောင်း ကိုးကန့် MNDAA က ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်တပ်က ရင်းရှင်း‌တောင်ကုန်းရှိ နတ်ပူဇော်ရေး ကျောင်း၏ တံခါးများကိုဖျက်ဆီးခြင်း၊ နတ်ရုပ်ထုများကို ဖျက်ဆီးခြင်း၊ အမွေးတိုင်အိုးများ ရိုက်ခွဲခြင်း၊ စစ်ကတုတ်ကျင်းတူးခြင်း စသည့် တိုင်းရင်းသား ရိုးရာယဥ်ကျေးမှု နှင့် ဘာသာရေးကို လုံးဝအလေးမထား၊ အရေးမစိုက်သည့် လုပ်ရပ်များကို ကျူးလွန်ခဲ့ကြောင်းကို ကိုးကန့် MNDAA က ဗီဒီယိုဖိုင်ဖြင့် ထုတ်ပြန်ထားသည်။

Photo – ရှမ်း​ပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲဝင်နေသော MNDAA တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article