26 C
Yangon

မတူပီမြို့နယ်၊ ရေဇွာမြို့ရှိ စစ်တပ် စခန်းမှ ဒုတပ်ကြပ် ၁ ဦး CDF-ZOTUNG တပ်ဖွဲ့ထံ အလင်းဝင်

Must read

မတူပီမြို့နယ်၊ ရေဇွာမြို့ရှိ စစ်တပ် စခန်းမှ ဒုတပ်ကြပ် ၁ ဦး CDF-ZOTUNG တပ်ဖွဲ့ထံ အလင်းဝင်

ရန်ကုန်၊ နိုဝင်ဘာ ၂၄

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့ရှိ အကြမ်းဖက် စစ်တပ် စခန်းမှ ဒုတပ်ကြပ် ၁ ဦး CDF-ZOTUNG တပ်ဖွဲ့ထံ အလင်းဝင်လာကြောင်း CDF-ZOTUNG က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဇိုတုန်‌‌ဒေသ၊ ရေဇွာမြို့ရှိ အကြမ်းဖက် စစ်တပ်စခန်းမှ ဒုတပ်ကြပ် ထန်လျန်ကျင်းသည် CDF-ZOTUNG ထံ အလင်းဝင် ပူးပေါင်းလာကြောင်း သိရသည်။

CDF-ZOTUNG အနေဖြင့် အလင်းဝင်လာသော ဒုတပ်ကြပ် ထန်လျန်ကျင်းကို လုံခြုံသည့် နေရာတွင်ကောင်းမွန်စွာထားရှိကြောင်း၊ ပြည်သူ့ရင်ခုန်ထံ‌ နောက်ထပ် ခိုလှုံလာမည့် အစိုးရ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ်သားများကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုသည့်အပြင် ၎င်းတို့၏ လုံခြုံရေးကို အပြည့်အဝ တာဝန်ယူပေးသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article