26 C
Yangon

ချောင်းဦးနှင့် စစ်ကိုင်း မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၂ ဦးသေဆုံး

Must read

ချောင်းဦးနှင့် စစ်ကိုင်း မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာဘက်စုံခြံ၊ မုံရွာ-မန္တလေးလမ်းမပေါ်ရှိ စွမ်းရည်ထက် ဆီ ဆိုင်ဂိတ်နှင့် ကျေးရွာကို မီးရှို့ပြီးပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းလေလေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း BRAVE HEART ARMY.BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့က မြောက်ကုန်းတောင်ပုံကျေးရွာကို မီးရှို့ပြီး ပြန်လာသော တောပု(ပျူ)ရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗုံးသီး ၃ လုံး၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် နံနက် ၉ နာရီခန့်တွင် အကြမ်း ဖက်စစ်သား အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသော ခင်မွန်ဘက်စုံခြံကို ဗုံးသီး ၄ လုံး၊ နိုဝင်ဘာလ ၂၁ ရက် ညနေ ၃ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသော မုံရွာ-မန္တလေးလမ်းပေါ်ရှိ စွမ်းရည်ထက်ဆီဆိုင်၌ တပ်စွဲထားသော အကြမ်း ဖက်စစ်ကောင်စီ တပ်သား များကို ဗုံးသီး ၃ လုံး တို့ကို ဒရုန်းလေယာဉ်ငယ်များဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု များအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အသေးစိတ်သိရှိနိုင် ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“အသေအပျောက်တော့ မသိရသေးဘူးဗျ၊ ခင်မွန်ဘက်စုံခြံကတော့ ချပြီးနောက်မှာ လူနာတင်ကားတွေ ဝင်သွားတယ်၊ အထိအခိုက်တော့ ရှိနိုင်တယ်၊ စွမ်းရည်ထက်ချတာကတော့ ပေါင်မှန်တာတွေ၊ လည်ပင်း မှန်တာတွေ၊ လက်မှန်တာတွေရှိတယ်လို့ သတင်းရထားတယ်၊ သေ မသေပဲ မသိရသေးတာ၊ အရင်က အသေအပျောက်လိုက်ရလွယ်တယ်၊ အခုကျတော့ သေရင်တောင် သူတို့ဘာသာ အပျောက်ဖျောက် ပစ်ကြ တာဗျ” ဟု BRAVE HEART ARMY.BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၂၄ ၊ တပ်ခွဲ ၃ တိမ်တမာန် လေကြောင်းစစ်ဆင်ရေးတပ်ဖွဲ့နှင့် BRAVE HEART ARMY.BHA တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သားများဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းမြို့နယ်၊ အုန်းတော တင့်ကားတပ်နှင့် မာလဲတောပျူရွာကို ၂ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ထံမှ သိရသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တွင်စစ်ကိုင်းမြို့နယ်၊ မာလဲတောပျူရွာနှင့် အုန်းတောကျေးရွာရှိ အမှတ် ၆၀၀၅ တင့်ကားတပ်ကို ၂ ရက်ဆက်တိုက် ဗုံးသီး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အုန်းတော တင့်ကားတပ်ကို ဗုံးကျဲချရာတွင် တပ်တွင်း လက်ဖက်ရည်ဆိုင် မျက်နှာစာရှေ့၌ ကျရောက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအပြီး တပ်ဝန်းအနီးကျေးရွာ များကို ကင်းပတ်ခြင်း၊ တညလုံးနီးပါး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းတို့ လုပ်ဆောင်ခဲ့သဖြင့် ကျေးရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့၊ Phoenix SGG နှင့် Royal Falcon Guerrilla Force တို့ ပူးပေါင်းကာ စစ်ကိုင်းမြိုနယ် ပကဖ မှထုတ်လုပ်သော ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရန် ပြင်ဆင်နေသော PDF ရဲဘော်များ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article