30 C
Yangon

ညောင်လေးပင် နှင့် ဒူးပလာယာ ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ် ၁၃ လုံးပျက်စီး

Must read

ညောင်လေးပင် နှင့် ဒူးပလာယာ ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ် ၁၃ လုံးပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၂၄

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်နှင့် ကရင်ပြည်နယ် ဒူးပလာယာခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ် ၁၃ လုံးပျက်စီးခဲ့ကြောင်း KNU-ဗဟိုက သတင်းထုတ်ပြန်သည်။

အကြမ်းဖက် စစ်တပ်သည် လေယာဉ်ဖြင့် နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ ၅၇ မိနစ်မှ ၁၂ နာရီ ၇ မိနစ်အတွင်း ၅ ကြိမ်ခန့် လယ်ဒိုမြို့နယ် ဒေါင်းမို့ကျေးရွာ၊ ဝါးပင်စုကျေးရွာနှင့် တောကြောင်ပေါက်ကျေးရွာများကို ပစ်ခတ်ခဲ့သည့်အတွက် အသက် ၁၀ နှစ်အရွယ် မောင်ခိုင်လေး၊ အသက် ၆၀ နှစ်အရွယ် ညားဒါမူး၊ အသက် ၂၇ နှစ်အရွယ် မခင်ယုမေတို့ ၃ ဦးကျည်စထိမှန်ဒဏ်ရာများရရှိခဲ့ပြီး စောမင်းမင်း၊ နော်အုန်းငွေ၊ စောကျော်ဝင်း၊ စောဇော်လွင်၊ စောရဲကိုကို၊ စောနေအောင်နှင့် စောမျိုးဇော်ဦးတို့၏ နေအိမ်များထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိသည်။

အလားတူ နိုဝင်ဘာလ ၁၈ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်တပ်သည် ဒူးပလာယာခရိုင် ဝင်းရေမြို့နယ်အတွင်း နံနက် ၁၀ နာရီ ၅၅ မိနစ် အချိန်နှင့် နို့ဘယ်လောကျေးရွာအတွင်း နံနက် ၁၀ နာရီ ၅၈ မိနစ်အချိန်တို့တွင် ဂျက်တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံး ၂ လုံးအပြင် ဂျက်တိုက်လေယာဉ်ပါ စက်သေနတ်များနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အသက် ၄၁ နှစ်အရွယ် ထွန်းလှိုင်ဝင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက သတင်းထုတ်ပြန်သည်။

ထို့ပြင် အသက် ၇၀ အရွယ်အဘိုး တီးကျော်ဝါး၏ နေအိမ်မှာ ဗုံးထိမှန် ပျက်စီးခဲ့ရပြီး အခြား နေအိမ် ၅ လုံးခန့်မှာလည်း စက်သေနတ်ကျည်များ ထိမှန်၍ အနည်းငယ်ပျက်စီးခဲ့ရကြောင်း၊ အနီးနားရှိ စာသင်ကျောင်းလည်း ပိတ်ထားရပြီး ကျောင်းသား ကျောင်းသူများမှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article