မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး ၊ ရေစကြိုမြို့ပေါ်ရှိ ထွေအုပ်ရုံးကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ နိုဝင်ဘာ ၂၄
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ – Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ နိုဝင်ဘာလ ၂၄ ရက် နံနက် ၅ နာရီခန့်က မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း ၂၅ မီတာခန့်အထိ ကပ်နိုင်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီကျော်ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးကာ အများ အပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျည်မလုံလောက်ခြင်း၊ လက်နက်ကြီးများ မပါဝင် ခြင်း တို့ကြောင့် စခန်းသိမ်းနိုင်မည့်အခြေ အနေလက်လွတ်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် – Chindwin Attack Force တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့(Monywa The Boys) ၊ မုံရွာခရိုင် တပ်ရင်း ၄ တပ်ခွဲ ၁ – Spring Dove PDF ၊ မုံရွာခရိုင် တပ်ရင်း တပ်ခွဲ ၃ – Monyaw Nightking PDF ၊ မုံရွာခရိုင် တပ်ရင်း ၄ တပ်ခွဲ ၄ – 5/Teachers Defence Force PDF ၊ မုံရွာခရိုင်တပ်ရင်း ၁၇ ၊ DLC Local တပ်ပေါင်းစု၊ Special Guerilla Force – Monywa SGF ၊ 5/UG Commando Force ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ နှင့် ဒသပြောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် – Chindwin Attack Force တပ်ရင်း ၄ တပ်ရင်း တပ်ခွဲ များ တို့မှ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အရေးပေါ် လက်နက်ခဲယမ်းများစွာ လိုအပ်နေကြောင်း ထုတ်ပြန်ထား သည်။
အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံအထွေထွေအု်ပချုပ်ရုံးရှိ အကြမ်းဖက်စစ်ကောင်စီ တပ် သားများကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာရ ရှိခဲ့ ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ နိုဝင်ဘာလ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိုင်ချ တပ်စွဲထားသည့် ရေစကြိုမြို့၊ ရုံးပေါင်းစုံအထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြောက်ကျားနည်းဗျူဟာ အသုံးပြု၍ အနီးကပ်သွားရောက်ပြီး ၄၀ မမဖြင့် ဗုံးသီး တစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် ကောင် စီတပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ပျူစောထီးခေါင်းဆောင် မောင်မြင့်၏ ဂျစ်ကားဖြင့် ရေစကြိုဆေးရုံသို့ သယ် ဆောင်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Myingyan Balck Tiger – MBT တပ်ဖွဲ့နှင့် YSO TPG မြို့ပြပြောက်ကျား တပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာလာပြီး နောက် အကြမ်းဖက်စစ်ကောင်စီတပ်မှ ၆၀ မမ ဗုံးသီး ၇ လုံးခန့် ရမ်းသမ်းပစ်ခတ်ခဲ့ကြေင်း သိရသည်။