27.1 C
Yangon

တရုတ်-မြန်မာနယ်စပ်တွင် တရုတ်စစ်တပ်က ပုံမှန် စစ်ရေး လေ့ကျင့်မှုကို အကြမ်းဖက် စစ်ကောင်စီက ၎င်းတို့အတွက် ပြုလုပ်သယောင် ဇော်မင်းထွန်း ဝါဒဖြန့်နေ

Must read

တရုတ်-မြန်မာနယ်စပ်တွင် တရုတ်စစ်တပ်က ပုံမှန် စစ်ရေး လေ့ကျင့်မှုကို အကြမ်းဖက် စစ်ကောင်စီက ၎င်းတို့အတွက် ပြုလုပ်သယောင် ဇော်မင်းထွန်း ဝါဒဖြန့်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၅

တရုတ်-မြန်မာနယ်စပ်တွင် တရုတ်စစ်ရေး လေ့ကျင့်မှုကို အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့အတွက် ပြုလုပ်သယောင် ဇော်မင်းထွန်းက ဝါဒဖြန့်လျက်ရှိကြောင်း သိရှိရသည်။

နှစ်စဉ်လေ့ကျင့်ရေးအစီအစဉ်အရ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် မတော်(PLA) တောင်ပိုင်းစစ်ဒေသကြီး ကြည်းတပ် တပ်ဖွဲ့သည် နိုဝင်ဘာ ၂၅ ရက်နေ့ မှစ၍ တရုတ်-မြန်မာ နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းတွင် လက်တွေ့ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ထိုသို့လေ့ကျင့်မှုမှာ ယင်းဒေသအတွင်း တပ်ဖွဲ့၏လျင်မြန်စွာ တုံ့ပြန်နိုင်မှု၊ နယ်စပ်ဒေသကို ပိတ်ဆို့ထိန်း ချုပ်မှု၊ ပစ်ခတ်တိုက်ခိုက်ရေးစွမ်းရည်တို့ စစ်ဆေးနိုင်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းစစ်ဒေသကြီး သတင်းနှင့်ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ လေတပ် အကြီးတန်း ဗိုလ်မှူးကြီး ထျန်ကျွင်းလီ က ပြောကြားကြောင်း ဆင်ဟွာ သတင်းဌာနက သတင်းဖော်ပြသည်။

ထို့ပြင် တောင်ပိုင်းစစ်ဒေသကြီး တပ်ဖွဲ့သည် ရုတ်ခြည်းဖြစ်ပွားလာနိုင်မည့်အခြေအနေ အမျိုးမျိုးအား ရင်ဆိုင်ရန် အသင့်ပြင်ထားမည်ဖြစ်ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်ဟု သိရှိရသည်။

သို့ရာတွင် အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက နယ်စပ်တွင် တရုတ်၏ ပုံမှန် စစ်ရေးလေ့ကျင်မှုသည် ၎င်းတို့အတွက် လေ့ကျင့်သယောင် ပြောဆိုနေပြီး မြောက်ပိုင်း ညီနောင် မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များက တရုတ်-မြန်မာနယ်စပ်တစ်လျှောက် မြို့များနှင့် စစ်ကောင်စီ စခန်းများ တိုက်ခိုက် သိမ်းပိုက်နေသည့် အရှုံးကို မျက်ကွယ်ပြု ပြောဆိုလျက်ရှိသည်ကို တွေ့ရသည်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်းစစ်ဒေသကြီးရဲ့ ပုံမှန် စစ်ရေးလေ့ကျင်မှုကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။ လုပ်ဆောင်မယ့်နေရာက တရုတ်-မြန်မာနယ်စပ်ဒေသမှာ ဖြစ်ပါတယ်။ လုပ်ဆောင်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး နယ်မြေဒေသလုံခြုံအေးချမ်းရေး အတွက် ဆောင်ရွက်ရတာဖြစ်တယ်လို့ မြန်မာနိုင်ငံဘက်ကို အကြောင်းကြားလာပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ မူဝါဒအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး မူဝါဒအပေါ်မှာ ရပ်တည်လျက်ရှိပြီးနော့ မြန်မာ့တပ်မတော်နဲ့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး အမြဲတမ်းလက်တွဲ ဆောင်ရွက်သွားမှာဖြစ်ကြောင်း အကြောင်းကြားလာပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း တရုတ်နိုင်ငံနဲ့အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး မူကြီး ၅ ရပ်ကို လိုက်နာပြီး ဆောင်ရွက်လျက်ရှိပါတယ်။ နှစ်နိုင်ငံ နယ်စပ်ဒေ တည်ငြိမ်အေးချမ်းရေး

လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုထားသည်။

ဓာတ်ပုံ- အကြမ်းဖက် ဇော်မင်းထွန်း။

Photo- AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article