27.9 C
Yangon

ငါန်းဇွန်မြို့နယ်၊ ကံသာကျွန်းကိုလာသည့် စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး၊ စစ်တပ်က ကျွန်းပေါ်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ငါန်းဇွန်မြို့နယ်၊ ကံသာကျွန်းကိုလာသည့် စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး၊ စစ်တပ်က ကျွန်းပေါ်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ နိုဝင်ဘာ ၂၅

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကံသာကျွန်းကိုလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့​ကြောင်း Ngazun People’s Defense Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ငါန်းဇွန်မြို့နယ်၊ ကံသာကျွန်းကို လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကံသာကျွန်း၌ ၂ နေရာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကံသာကျွန်းပေါ်ရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“ခွေးကြောင်း ၂ ကြောင်း စုပြီးတော့ ကံသာကျွန်းဘက်ကို တက်လာတယ်။ တက်လာပြီးတော့ ၂ နေရာ မိုင်းဆွဲလိုက်တာပေါ့။ ခွေးစစ်ကြောင်းက ကံသာကျွန်းကို မီးရှို့တယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်တာ ရှိပါတယ်။ ရဲဘော်တွေ အားလုံးဘေးကင်းပါတယ်” ဟု Ngazun People’s Defense Force မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ငါန်းဇွန်မြို့နယ်ပကဖ) ၊ T.G.R people defence force မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Black Eagle Defence Force – MMU နှင့် ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သော ရွှေဂျိုးဖြူပျောက်ကျားအဖွဲ့၊ 925 ပျောက်ကျားအဖွဲ့ ၊ TGYR ပျောက်ကျားအဖွဲ့ ၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့ ၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့ ၊ လက်ရုံးပျောက်ကျားအဖွဲ့ ၊ ငန်းနက် ပျောက်ကျားအဖွဲ့ ၊ အားမာန်သစ်ပျောက်ကျားအဖွဲ့ ၊ ဖက်ဒရယ်ညီအကိုပျောက်ကျားအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article