27 C
Yangon

ရွှေဘိုမြို့တွင် ကင်းလှည့်နေသော စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မြိုင်မြို့နယ်ရှိ လင်းကတောရွာ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရွှေဘိုမြို့တွင် ကင်းလှည့်နေသော စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မြိုင်မြို့နယ်ရှိ လင်းကတောရွာ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ကင်းလှည့်နေသော စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ်၂၃တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘိုမြို့ ကားကြီးကွင်းဘက်၌ ပက်ကင်း လှည့်လာသော စစ်သား ၅ ဦးလိုက်ပါလာသည့် ကား ၁ စီးကို ကားကြီးကွင်းအနီးရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်သွင်း ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန် ဒဏ်ရာရရှိကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်း၊တပ်ခွဲ ၁ Naung yoeArmy၊ Revulotion soldier တပ်ခွဲ ၂ ၊ ရွှေဘိုကျားကြီး၊ တိုက်နယ် ၄ ရွှေလျားမိုင်းတပ်ဖွဲ့၊ ရှိမ်းမကားတိုက်နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် တာနောယက္ခအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ လင်းကတောရွာ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Kingsman UG Force-M.M အဖွဲ့ တာဝန်ခံ ဗိုလ်တာရာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ပခုက္ကူခရိုင် တပ်ရင်း(၁၀) ဒရုန်းအဖွဲ့နှင့် Kingsman UG Forceတို့ ပူးပေါင်းကာ SHAR HTOO WAW နည်းပညာသုံး drone များဖြင့် မြိုင်မြို့နယ်၊ လင်းကတောရွာ ရဲစခန်းကို ဗုံးသီး ၅ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article