35 C
Yangon

ယမန်နေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည့် မြောက်ဒဂုံ ၄၀ စျေးကို စစ်တပ်က ဝင်ရောက်မွှေနှောက် ဖျက်ဆီး

Must read

ယမန်နေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည့် မြောက်ဒဂုံ ၄၀ စျေးကို စစ်တပ်က ဝင်ရောက်မွှေနှောက် ဖျက်ဆီး

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ရန်ကုန်တွင် ယမန်နေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဦးဆောင်သွားသည့် သပိတ်ခေါင်းဆောင် ကိုနန်းလင်းကို စစ်တပ်က ပိုက်စိတ်တိုက်ရှာနေကြောင်း ဒဂုံမြို့သစ်မြောက်ပိုင်း(မြို့နယ်) ဖရဲသီး ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်း ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်စျေးတွင် စစ်အာဏာရှင် ဆန့် ကျင်ရေး သပိတ်ခေါင်းဆောင် ကိုနန်းလင်းက ဦးဆောင်ဟောပြောခဲ့ကြောင်း သတင်းမီဒီယာများက ဓာတ်ပုံနှင့်တကွ ဖော်ပြပြီးနောက် စစ်ကောင်စီက ကိုနန်းလင်းကို ရှာဖွေဖ မ်းဆီးရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“တပင်ရွှေထီးဘက်မှာ ဆန္ဒပြပွဲ ဖြစ်သွားတာ မီဒီယာတွေမှာ တက်လာမှ သိတော့ အပေါ်ကနေ ဆန္ဒပြပွဲ ဦးဆောင်သူ ကိုနန်းလင်းနဲ့ ပါဝင်သူတွေကို ဖမ်းဖို့ ညွှန်ကြားတယ်။ မနေ့ညက မြောက်ဒဂုံနဲ့ အရှေ့ဒဂုံဘက်မှာ ဧည့်စာရင်းတွေ စစ်တာရှိပါတယ်” ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဖရဲသီးရဲသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဖြစ်ပွားခဲ့သော ​မြောက်ဒဂုံ ၄၀ ​ဈေးပတ်ဝန်းကျင်ကို ယမန်နေ့ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတွင် စစ်သားများနှင့် အရပ်ဝတ်များ ရောက်ရှိလာပြီး တပင်​ရွှေထီး လမ်း​ပေါ်ရှိ ​ဈေးဆိုင်များကို ဖျက်ဆီးသွား​​ခဲ့ကြောင်း၊ မြောက်ဒဂုံနှင့် အရှေ့ဒဂုံထဲတွင် အရပ်ဝတ်များဖြင့် လုံခြုံရေးများ ချထားကြောင်း ဒေသပြည်သူတချို့က ဆိုကြသည်။

“တပင်ရွှေထီးလမ်းပေါ်က စျေးဆိုင်တွေတော့ အတော်များများ အဖျက်ခံလိုက်ရတယ်။ အကုန်ဖျက်သွားတာ။ ၄၀ စျေး၊ ၇/၈ လမ်းဆုံဘက်တွေမှာလည်း အရပ်ဝတ်နဲ့ရော ယူနီဖောင်းနဲ့ပါ စစ်ခွေးတချို့မြင်ရတယ်။ မနေ့က ဆန္ဒပြပွဲကြောင့် ထင်တယ်” ဟု မြောက်ဒဂုံမှ ပြည်သူတစ်ဦးက ဆိုသည်။

ဓာတ်ပုံ- မြောက်ဒဂုံ ၄၀ စျေးကို စစ်တပ်က ဖျက်ဆီးထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article