35 C
Yangon

စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ဗမာ အပါအဝင် ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိထားဟု MNDAA ပြော၊ ပြည်သူများပါဝင်နေသည့် အဖွဲ့ ၅ ခုက သိန်း ၅၀၀၀ ကျော် လှူဒါန်း

Must read

စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ဗမာ အပါအဝင် ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိထားဟု MNDAA ပြော၊ ပြည်သူများပါဝင်နေသည့် အဖွဲ့ ၅ ခုက သိန်း ၅၀၀၀ ကျော် လှူဒါန်း

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ပြည်သူလူထု ပါဝင်နေသည့် အဖွဲ့အစည်း ၅ ခုက ငွေကျပ် သိန်း ၅၀၀၀ ကျော် MNDAA သို့ လှူဒါန်းမှုသည် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ဗမာ အပါအဝင် ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိထားခြင်းဖြစ်ကြောင်း MNDAA က ထုတ်ပြန်ပြောဆိုသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ တွင် General Strike Coordination Body (GSCB)၊ CDM Medical Network ၊ Medical Family Mandalay ၊ Yangon Medical Network ၊Chindwin Medical and Humanitarian Network စသည့်မြန်မာ့ချစ်ကြည်ရေးအဖွဲ့အစည်း ၅ ခုမှ ကိုယ်စားလှယ်များက ချင်းရွှေဟော်ဒေသ တွင် MNDAAထံသို့ ကျပ်ငွေ သိန်း၅၀၀၀ ကျပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

MNDAA နှင့် မဟာမိတ်တပ်ဖွဲ့တို့ ဖော်ဆောင်လာသော(၁၀၂၇) စစ်ဆင်ရေး Operationကြီးသည် ပြည်ထောင်စု မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးအသီးသီးတို့၏တန်းတူရေးရရှိခြင်း ၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ခြင်း ၊ နိုင်ငံတကာဖျက်ဆီးမှုရှိသောအွမ်လိုင်းလိမ်လည်မှုဂိမ်းကိုပပျောက်ခြင်းနှင့် လိမ်လည်မှုကုမ္ပဏိတွင် ပိတ်ဆို့ခံရ သောတရုတ်လူမျိုးများကယ်ထုတ်ခြင်း စသည်ဖြင့် မှန်ကန်မျှတသောစစ်ပွဲတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ဗမာလူမျိုးများအပါအဝင် ပြည်ထောင်စုရှိပြည်သူလူထုအများစု၏ အားပေးထောက်ခံမှုကိုရရှိခဲ့ခြင်းဖြစ်ကြောင်း MNDAA ဆိုသည်။

အလှူငွေ သိန်း ၅၀၀၀ လှူဒါန်းသော အဖွဲ့ ၅ ခုသည် ၁၀၂၇ စစ်ဆင်ရေး Operation ကြီး၏လုပ်ဆောင်မှုများကို တောက်လျှောက်ဂရုပြုလာပြီး MNDAA က တိုက်ပွဲတွင်ဖော်ဆောင်လာသော အောင်မြင်မှုများနှင့် တော်လှန်ရေး လမ်းစဉ်‌ပေါ်တွင် လူသားချင်းစာနာထောက်ထားမှုစိတ်ဓာတ်ရှိသောလုပ်ရပ်များကို အားကျမိကြောင်း၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ခံများသည် MNDAA ၏ကြိုးစားအားထုတ်မှု ၊ အသက်ပေးစွန့်သောသတ္တိနှင့် တိုက်ရဲခိုက်ရဲစိတ်ဓာတ်ရှိခြင်းတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံလွတ် မြောက်ရေးလုပ်ငန်းစဉ်ကို အားကြိုးမာန် တက်စွာလုပ်ဆောင်ပေးနိုင်မည်ဟု ပြောဆိုခဲ့ကြောင်း၊ ထောက်ပံ့လှူဒါန်းသောနည်းဖြင့် မြန်မာနိုင်ငံရှိ ပြည်သူလူထုအားလုံးကို ဘုံရန်သူဖြစ်သော မင်းအောင်လှိုင်အဖွဲ့အစည်းနှင့် ၎င်းလက်အောက်ခံရုပ်သေးအဖွဲ့များ တိုက်ဖျက်ရန် ကြွေးကြော်ခဲ့ကြောင်း သိရှိရသည်။

MNDAA နှင့် မဟာမိတ်တပ်ပေါင်းစုတို့သည် ဆက်လက်ကြိုးစားပြီး တော်လှန်‌ရေးပန်းတိုင်သို့ လျင်မြန်စွာလျှောက်လှမ်းနေကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားပြည်သူလူထုအားလုံး၏ ပြေလည်မှု ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ၊ အပြန်အလှန်လေးစားမှုနှင့် ဖွင့်ဖြိုးတိုးတက်သောလမ်းကြောင်းများ ဖော်ဆောင်လာရန် မျှော်လင့်ကြောင်း၊ တစ်ပြည်လုံးရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုတို့နှင့် ပူးပေါင်း ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ဖျက်ကာ စစ်မှန်သည့် ပြည်ထောင်စုဒီမိုကရက်စီနိုင်ငံတော်ကို ထူထောင်ခြင်းဖြစ်ကြောင်း MNDAA ၏ ထုတ်ပြန်ချက်က ဆိုသည်။

MNDAA မှ နိုင်ငံရေးဌာနမှူး ဗိုလ်မှူးချုပ် ဦးကျင်ရှင်က “မြန်မာ့ချစ်ကြည်ရေးအဖွဲ့အစည်း ၅ ဖွဲ့က နွေးထွေးဂရုပြုမှုနှင့် အားပေးထောက်ခံမှုများကို ရှေ့တန်းတိုက်ပွဲဝင်နေကြသော အရာရှိနှင့်ရဲဘော်များထံသတင်းပို့ပြီး တော်လှန်ရေး ၏တက်ကြွမှုများကိုနိုထစေပြီး ဖယ်ဒရယ်လူ့အဖွဲ့အစည်းရှိအလွှာပေါင်းစုံမှ MNDAAထံ ပြသပေးသော ချစ်ခြင်းမေတ္တာကို ဘယ်တော့မှ လက်မလျှော့ဘူး ၊ တော်လှန်‌ရေး၏ဘုံရည်မှန်းချက်ဖော်ဆောင်ရန်အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်”ဟု ပြောဆိုသည်။

အလှူငွေများကို ဒုက္ခသည်ကိုကယ်ဆယ်ပေးခြင်း ၊ ဒဏ်ရာရသူများကုသပေးခြင်းနှင့် တိုက်ပွဲဝင်အရာရှိ၊ ရဲဘော်များထံပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article