29 C
Yangon

ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ပြည်သူ ၂၀ ကျော်ကို အကြောင်းမဲ့ ဖမ်းသွား

Must read

ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ပြည်သူ ၂၀ ကျော်ကို အကြောင်းမဲ့ ဖမ်းသွား

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ပြည် ၃၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မောင်တောမြို့နယ်၊ ကိုင်းကြီးရွာကို အကြမ်းဖက် စစ်တပ်၏ မောရဝတီဗျူဟာကုန်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဦးနေဝင်း သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင် ရသေ့တောင်မြို့နယ်၊ လိုင်ဂွင်ရွာကို အကြမ်းဖက် စစ်တပ်၏ ရီစိုးချောင်း ဗျူဟာကုန်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဦးချမ်းသာစိန်သေဆုံးခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မင်းပြားမြို့နယ်၊ ကေသလာချောင်းဝရွာကို မယ်တော်တောင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဦးဖြူလုံး သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၇ နာရီကျော်ခန့်တွင် မြောက်ဦးမြို့နယ်၊ လီညှင်းသာရွာကို အကြမ်းဖက် စစ်တပ်၏ ရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရပ်ရွာအုပ်ချုပ်ရီးမှူးအိမ်မှ နေအိမ်ကို ပြန်လာသည့် ဦးကျော်သာ ကျည်စထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ မခင်ငြိမ်းငြိမ်းချမ်းနှင့် ကုလဘာတောင်ရပ်ကွက်မှ ဦးထွန်းနု တို့ကို အကြမ်းဖက် စစ်တပ်က နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အကြောင်းမဲ့ ဖမ်းသွားကြောင်း၊ ပုဏ္ဏားကျွန်းမြို့​၊ အလယ်စုရပ်ကွက်မှ ဦးထွန်းမောင်၊ ဦးမောင်စောသန်း၊ ဦးထွန်းတင်နု၊ ကိုဇော်ဇော်ဝင်း နှင့် ရွာဟောင်းပိုင်းရပ်ကွက်မှ ကိုမြတ်ကျော်နိုင် တို့ကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် စစ်တွေမြို့နယ်၊ သဲချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံမြကျော် သဲချောင်း ကျေးရွာနေ ကိုထွန်းကျော်အောင်၊ ကိုဝေယံစိုး၊ ဦးမောင်သန်း၊ ကားပြင်သူ အမျိုးသား ၂ ဦး၊ စစ်တွေမြို့နယ်၊ သဲချောင်းရွာနေ မရာမာလူမျိုး ကိုဇော်ထွန်းနှင့် အမျိုးတော်စပ်သူ အသက် ၃၀ အရွယ် မရာမာအမျိုးသား ၁ ဦး၊ ကိုအောင်နိုင်ဦး၊ ကိုအောင်နိုင်ဝင်း၊ ကိုအတုနန့် အဂန္တုမရာမာ အမျိုးသား ၁ ဦး၊ မူဆလင် ၃ ဦးတို့ကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

အဆိုပါ ဒေသခံ အမျိုးသား ၁၆ ယောက်ဦးကို အကြမ်းဖက် စစ်တပ်က စစ်တွေမြို့ အမှတ် ၁ ရဲစခန်းတွင် ဖမ်းဆီးထားပြီးကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ စစ်သင်္ဘောက ပေါက်တောမြို့ စျေးကို လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် မီးလောင်နေခဲ့စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article