34 C
Yangon

ဖောင်းပြင်မြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ရေအောက်တောင်းပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေး ၊ ပြည်သူ ၁၀ ဦးကျော်ကို စစ်တပ်က ဓားစာခံ ပေါ်တာဆွဲသွား

Must read

ဖောင်းပြင်မြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ရေအောက်တောင်းပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေး ၊ ပြည်သူ ၁၀ ဦးကျော်ကို စစ်တပ်က ဓားစာခံ ပေါ်တာဆွဲသွား

ရန်ကုန်၊ နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ရေအောက်တောင်းပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေး သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်အစောပိုင်း ဖောင်းပြင်မြို့နယ် ရေအောက်တောင်းပျူစောထီးကျေးရွာတွင် အထိုင်ချထားသော စစ်တပ်၊ ရဲနှင့် ပျူစောထီးများသည် ရွာနှင့် ဂိတ်စခန်းကို စွန့်ခွာပြီး ဖောင်းပြင်မြို့ ခမရ ၃၆၇ တပ်ရင်းရှိရာသို့ ချင်းတွင်းမြစ် အနောက်ဘက်တောတောင် လမ်းအတိုင်း ဆုတ်ခွာသွားကြောင်း၊ ၎င်းတို့ ဆုတ်ခွာသွားရာ လမ်းကြောင်းမှ တောင်ယာလယ်လုပ်နေသူ ၁၀ ဦးကို အတင်းအဓမ္မ အလုပ်သမားအဖြစ် ပေါ်တာဆွဲသွားခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်က ပေါ်တာဆွဲသွားတဲ့ ပြည်သူ ၁၀ ဦးထဲမှာ ၂ ဦးက ထွက်ပြေးလွတ်မြောက်တယ်။ ပြန်လွတ်လာတဲ့ ၂ ဦးပြောတာကတော့ စစ်တပ် စစ်ကြောင်းမှာ စခ ၊ ရခ ၊ ပျူ အင်အား တစ်ရာကျော်လောက်ရှိပါတယ်။ တိုက်ပွဲမှာ ဒဏ်ရာရလာတဲ့ စစ်ခွေးတွေကို ထမ်းသယ်ပေးကြရတယ်။ စစ်တပ်ဘက်မှာလည်း သေဆုံးသူတွေလည်း သိရှိရတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက ရေအောက်တောင်းပျူစောထီးကျေးရွာမှ စစ်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း၊ အပြီးသတ် စခန်းသိမ်းခါနီးမှ စစ်တပ်၏ လေကြောင်း ပစ်ကူရောက်လာသဖြင့်

အပြီးသတ်မသိမ်းလိုက်ရကြောင်း၊ စစ်တပ်ဘက်မှ ၃ ရက်ဆက်တိုက် လေကြောင်းပစ်ကူနေသဖြင့်တော်လှန်ရေးရဲဘော်များ ပြန်ဆုတ်ခွာခဲ့ကြရကြောင်း သိရှိရသည်။

စစ်တပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် ကရားရွာမှ အရပ်သားပြည်သူ သားအမိသားအဖသုံးယောက် မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ အနည်းငယ်စီရရှိခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် တော်လှန်ရေးအင်အားစုများက

ရေအောက်တောင်းပျူရွာကို ဝင်ရောက် ထိန်းသိမ်းထားပြီး မိုင်းရှင်းလင်းခြင်းများပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ စစ်သင်တန်း တက်ရောက်မှု။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article