25 C
Yangon

မတူပီမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး မိသားစုလိုက် အလင်းဝင်

Must read

မတူပီမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး မိသားစုလိုက် အလင်းဝင်

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင် ပြီး မိသားစုလိုက် အလင်းဝင်ရောက်ခဲ့ကြောင်း CDF Matupi တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ ချင်းပြည်နယ်၊ မတူပီမြို့မရဲစခန်း၌ တာဝန်ထမ်းဆောင်နေသော ရဲတပ်သား မိုးကန့် သည် G3 တစ်လက်၊ G3 ကျည်ဘောက် ၂ ခု ၊ G3 ကျည်ဆံ အတောင့် ၁၀၀ နှင့်အတူ CDF Matupi တပ်ရင်း ၂ ထံ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ဆုငွေ ကျပ် သိန်း ၆၀ ချီးမြှင့်ကာလွတ်မြောက်နယ်မြေသို့ ပို့ ဆောင် ပေးလိုက်ပြီဖြစ် ကြောင်း သိရသည်။

အလင်းဝင်ရောက်ခဲ့သူ ရဲတပ်သား မိုးကန့်သည် ရဲလုပ်သက် ၇ နှစ်ရှိပြီး အသက် ၂၇ နှစ်အရွယ် ဇနီး၊ အ သက် ၄ လ သားအရွယ် ကလေးငယ်တစ်ဦးတို့ကို တစ်ပါးတည်းခေါ်ဆောင်လာကာ အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article