29.5 C
Yangon

ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့် တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

Must read

ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့် တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၇

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာတောင်ဘက်ရှိ စစ်ဆေးရေးဂိတ်ကို စနိုက်ပါ ဖြင့် ချောင်း မြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Burma Revolution Rangers တပ်ဖွဲ့တာဝန်ခံ ဗိုလ်ကာတွန်းက ရန်ကုန်ခေတ်ခတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်က ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာ တောင်ဘက် ဘုန်းကြီး ကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို စနိုက်ပါ နှစ်လက်ဖြင့် ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း လက်နက် ငယ်များဖြင့် ပြန်လည် ပစ်ခတ်မှုရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ တစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးအင်အားကတော့ များတယ်ဗျ၊ ၁၅ ယောက်လောက်တော့ရှိမယ်၊ ကျနော်တို့ဘက်က စနိုက်ပါနဲ့ ပစ်လို့ သူတို့ကလည်း အသံကြားတော့ ပြန်ပစ်တာ၊ သူတို့ဘက်က ပြန်ပစ်တော့ ကျနော်တို့ဘက်လည်း ပြန်ပစ်တော့ အပြန် အလှန်ပစ်ခတ်မှုတော့ ရှိခဲ့သေးတယ်ဗျ” ဟု Burma Revolution Rangers တပ်ဖွဲ့တာဝန်ခံ ဗိုလ်ကာတွန်းက ရန်ကုန်ခေတ်ခတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို PKU Burma Revolution Rangers ၊ ပခုက္ကူခရိုင် Local တပ်ပေါင်းစု ၊ စနေမင်း ပြောက် ကျားတပ်ဖွဲ့ မြိုင်မြို့နယ် နှင့် The Red Revolters မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article