25 C
Yangon

ဟားခါးတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှု စစ်သား ၇ ဦးထက်မနည်းသေ ဆုံး၊ ပုလဲမြို့နယ်တွင် ကင်းပုန်း စစ်တပ်ကို ပစ်ခတ်မှု စစ်သား ၂ ဦးသေဆုံး

Must read

ဟားခါးတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှု စစ်သား ၇ ဦးထက်မနည်းသေ ဆုံး၊ ပုလဲမြို့နယ်တွင် ကင်းပုန်း စစ်တပ်ကို ပစ်ခတ်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ချင်းပြည်နယ်၊ ဟားခါးမြို့သိမ်းတိုက်ပွဲအကြိုအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၇ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း CDF – Hakha က တရားဝင်ထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်ပြီး ဟားခါးမြို့ သိမ်းတိုက်ပွဲ ပထမ အဆင့်အကြိုအဖြစ် ဟားခါးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၇ ရက် နေ့အထိ ၂ ရက်ကြာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်းသေဆုံးကာ ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို Operation 1027 မှ အစပြုခဲ့သော စခန်းသိမ်းတိုက်ပွဲများကို ကြိုဆိုထောက်ခံ သည့် အနေဖြင့် လည်းကောင်း၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တော်လှန် ရေးအရှိန်မြှင့်တင်မည့် တိုက်တွန်းချက်ကို ပူးပေါင်းပါဝင်သည့်အနေဖြင့်လည်းကောင်း Chinland Defense Force – Hakha မှ Rung Operation ပထမအဆင့် ဟားခါးမြို့ပေါ် တိုက်ပွဲများဖော်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

CDF-Hakha အနေဖြင့် နိုင်ငံရေးရည်မှန်းချက် တူညီသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဟန်ချက် ညီ တိုက်ပွဲများ ဆက်တိုက် ဆင်နွှဲသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

အလားတူ နိုဝင်ဘာလ ၂၇ ရက်နေ့ စစ်ကိုင်းတိုင်း ၊ယင်းမာပင်ခရိုင် ပုလဲမြို့ အရှေ့မြောက်ဘက် သရက်ခြံနှင့်ရေစင်ပေါ်တွင် ကင်းယူထားသော စစ်တပ်ကို တော်လှန်ရေး မဟာမိတ်ပူပေါင်းအဖွဲ့က ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ရာ စစ်သား ၂ ဦး ပြုတ်ကျသေဆုံးကြောင်း Chindwin Toe Na Yar PDF မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ မုန်တိုင်းက ပြောကြားသည်။

အဆိုပါစစ်ဆင်ရေးကို တူမီးတပ်ဦး Chindwin Toe Na Yar PDF၊ တူမီးတပ်ဦး SKY၊ တူမီးတပ်ဦး Real Hero၊ တူမီးတပ်ဦး တော်လှန်ပျောက်ကြား၊ မျိုးဆက်သစ်၊ ဒေါင်းမင်းတပ်ရင်း၂၉ ခွဲ၂၊ Yinmarbin Local PDF တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- CDF ဟားခါးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article