28.8 C
Yangon

ရေဦးမြို့နယ်၊ မုတ်စီရွာ၌ စစ်တပ်က တပ်စွဲထား၍ ကျေးရွာ ၄ ရွာကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ၊ စစ်ဘေးရှောင် ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ

Must read

ရေဦးမြို့နယ်၊ မုတ်စီရွာ၌ စစ်တပ်က တပ်စွဲထား၍ ကျေးရွာ ၄ ရွာကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ၊ စစ်ဘေးရှောင် ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်စီရွာ၌ အကြမ်းဖက် စစ်တပ်က တပ်စွဲထား၍ ကျေးရွာ ၄ ရွာကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့က စတင်ကာ ရေဦးမြို့နယ်၊ မုတ်စီရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကြောင်းက တပ်စွဲထား၍ မုတ်စီရွာ၊ ငြုတ္တုံရွာ၊ ကုန်းကြီးရွာနှင့် မူးဆုံရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ​ပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၁၀ ရက်နေ့မှ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ တပ်စွဲထားခဲ့ပြီးနောက် တန့်ဆည်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများ တိုက်ခိုက်ခံရပြီးနောက် ရေဦးမြို့ပေါ်ကို ပြန်လည် ဆုတ်ခွာသွားပြီး နိုဝင်ဘာလ ၂၃ ရက်နေ့၌ ပြန်လည် တပ်စွဲထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက မုတ်စီရွာထဲ တပ်စွဲထားတော့ ကျေးရွာ ၄ ရွာက ပြည်သူတွေက ဆက်တိုက်ကို ပြေးနေရတာနေ့က ဆက်နေပြီး စားနပ်ရိက္ခာလည်း မလုံလောက်ဘူး။ သူတို့ဆီမှာပါလာတဲ့ ရိက္ခာတွေကလည်း ကုန်နေပြီ ပြည်သူတွေက တချို့ စစ်ရှောင်တွေဆို သူတို့မှာ ပါလာတဲ့ သားသမီးတွေကပဲ မကျည်းသီးတက်ခူးပြီး ရောင်းကြတယ်။ အသီးအရွက်တွေခူးပြီး ဘေးလွတ်ရာကျေးရွာတွေမှာရောင်းကြရတယ်။ ရောင်းလို့ရတဲ့ငွေနဲ့ ချက်ပြုတ်စားသောက်နေကြရတာတွေလည်းရှိတယ်။ ပြည်သူတွေ စစ်ခွေးတွေရဲ့ အနီးကပ်ရွာတွေမှာ မအိပ်ရဲကျဘူး” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။

ရေဦးမြို့ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကလည်း ကျေးရွာများကို ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ပြည်သူများ စိုးရိမ်လျက်ရှိကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article