ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ပွဲ ၁ လအတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး လက်နက် ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၈၈ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲကာလ ၁ လအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက် ခိုက်မှုကြောင့် တစ်လအတွင်း အပြစ်မဲ့ပြည်သူ ၈၈ ဦး သေဆုံးခဲ့ပြီး Shan People မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ပြောကြား သည်။
အောက်တိုဘာလ ၂၇ ရက်နေ့စ၍ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲကာ တစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်ပြည်သူများ နေထိုင် ရာ ကျေးရွားများ၊ ဘုန်းကြီးကျောင်းများ၊ စစ်ဘေးရှောင်စခန်းများကို ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြို့နယ် ၁၂ မြို့နယ်မှ အရပ်သား ပြည်သူ ၈၈ ဦးသေဆုံး ခဲ့ပြီး ယင်းသေဆုံးသူများထဲတွင် အသက် ၁၄ နှစ်အောက် ကလေးငယ် ၁၈ ဦးပါဝင်ကြောင်း၊ ယခု ကောက်ခံရရှိသော အချက် အလက်များသည် လက်လှမ်းမှီ သမျှ အတည်ပြုနိုင်သောစာရင်းများကို စု ဆောင်းထားခြင်းဖြစ်ပြီး မြေပြင်တွင် ယခုထက်ပိုမိုများပြားနိုင်ကြောင်း သိရသည်။
“ပြည်သူတွေမှာက အဓိက ကြောက်နေရတာက ဘယ်အချိန် လက်နက်ကြီးကျ လာမလဲ ပူနေကြရတာ ပေါ့၊ သေဆုံးသူအများစုက စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အများ ဆုံးသေကြရတာပါ” ဟု Shan People မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးရသူများမှာ သိန္နီမြို့နယ်တွင် ၈ ဦး၊ နမ္မတူမြို့နယ်တွင် ၄ ဦး၊ နမ့်ခမ်းမြို့နယ်တွင် ၅ ဦး၊ နောင်ချိုမြို့နယ်တွင် ၅ ဦး၊ ဟိုပင်မြို့နယ် ၃ ဦး၊ ကွမ်းလုံမြို့နယ်တွင် ၂ ဦး၊ ကျောက်မဲမြို့နယ်တွင် ၂ ဦး၊ သီပေါမြို့နယ်တွင် ၁ ဦး၊ ကွက်ခိုင်မြို့နယ်တွင် ၁၀ ဦး၊ လားရှိုးမြို့နယ်တွင် ၁၄ ဦး၊ မူဆယ်မြို့နယ်တွင် ၁၄ ဦးနှင့် လောက်ကိုင်မြို့ နယ်တွင် ၂၀ ဦး ရှိကြောင်း သိရသည်။


