26 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရပြီး နေအိမ် ၅ လုံး ပျက်စီး

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရပြီး နေအိမ် ၅ လုံး ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်း ဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရပြီး နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထား သည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၁၇ မိနစ်ခန့်တွင် မူး (မုန်း) မြို့နယ်အတွင်းရှိ ကိုင်တဲစုကျေးရွာ၊ ရေတွင်းကုန်းကြီးကျေးရွာ၊ ဇဟားလေးကျေးရွာ၊ ကျီးရိုးကျေးရွာ၊ သုံးခွလေး ကျေးရွာ၊ တင်းကုတ်ကုန်း ကျေးရွာများကို အကြမ်းဖက် စစ် တပ်က K-8W ဂျက်တိုက်လေယာဉ် များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း လေကြောင်း တိုက်ခိုက်မှုအတွင်း ဇယားလေးရွာမှ အ သက် ၃၁ နှစ်အရွယ် မစံပယ်ခိုင်၊ အသက် ၁၄ နှစ်အရွယ် မသရဖီ၊ အသက် ၁၂ နှစ်အရွယ် မမေသဇင်မိုး၊ အသက် ၉ နှစ်အရွယ် မောင်မောင် တို့ ၄ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဦးဝင်းကြိုင် နှင့် ဒေါ်ငြိမ်းတို့ နေအိမ် ၂ လုံး ပျက်စီးခဲ့ရသည့်အပြင် ဒေါ်ငြိမ်း၏ စိုက်ပျိုးခြံ မှာလည်း ဗုံးထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ရေတွင်းကုန်းကြီးကျေးရွာ၌လည်း အသက် ၆၀ အ ရွယ် ဒေါ်စန်းမေ၊ အသက် ၆၀ အရွယ် ဒေါ်ပြားဝင်း တို့ ၂ ဦးလည်း လေယာဉ်ဗုံးထိမှန်ကာ သေဆုံးခဲ့ကြောင်း၊ အသက် ၃၅ နှစ်အရွယ် ကိုဖြူ၊ အသက် ၅၄ နှစ်အရွယ် ဦးဌေးဝင်းတို့ ၂ ဦးမှာလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ရသည့်အပြင် တိုက်လေယာဉ် ဗုံးကျဲပြီး အပြန်၌လည်း စဝင်းကျေးရွာ နှင့် ကျွန်းတောကျေး ရွာများအတွင်းသို့ လေယာဉ်ပါ စက်သေနတ်များဖြင့် ပစ်ခတ်သွားသေးကြောင်း သိရသည်။

အလားတူ ကျောက်ကြီးမြို့နယ်အတွင်း၌ နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ညောင်လေးပင်မြို့အခြေ စိုက် အကြမ်းဖက် စစ်တပ်၏ ခမရ−၂၀ မှ ၁၂၀ မမ လက် နက်ကြီးများဖြင့် ပြည်သူလူထုများ နေထိုင်ရာကျေးရွာများ အတွင်း ပစ်ခတ်ခဲ့သောကြောင့် ဂွေးကုန်း ကျေးရွာအတွင်းရှိ ဦးသန်းဌေးတို့ မိသားစုများနေထိုင်ရာ နေအိမ်အနီးကို ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၇ နှစ်အရွယ် ကိုချစ်ချစ်၊ အသက် ၁၈ နှစ်အရွယ် မခင်ပပဝင်းနှင့် အသက် ၅၄ နှစ်အရွယ် ဒေါ်ချိုဝင်းတို့ ၃ ဦးမှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီးကျရောက်ရာ နေရာအနီးရှိ နေအိမ် ၃ လုံးလည်း လက်နက်ကြီး ကျည်စများထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article