36 C
Yangon

ခလရ ၁၂၅ တပ်ရင်းမှ ၉၃ ဦး၊ ပြည်သူ့စစ် ၂၇ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး အပါအဝင် အင်အား ၂၇၂ ဦး အလံဖြူထောင် လက်နက်ချ အလင်းဝင်၊ စကခ ၁၆ စကခမှူးမှာ တပ်ဖွဲ့ဝင် ၁၀၀ ကျော် ခေါ်ဆောင်ပြီး ထွက်ပြေး

Must read

ခလရ ၁၂၅ တပ်ရင်းမှ ၉၃ ဦး၊ ပြည်သူ့စစ် ၂၇ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး အပါအဝင် အင်အား ၂၇၂ ဦး အလံဖြူထောင် လက်နက်ချ အလင်းဝင်၊ စကခ ၁၆ စကခမှူးမှာ တပ်ဖွဲ့ဝင် ၁၀၀ ကျော် ခေါ်ဆောင်ပြီး ထွက်ပြေး

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒကစ လက်အောက်ခံ ခလရ ၁၂၅ တပ်ရင်းမှ ၉၃ ဦး၊ ပြည်သူ့စစ် ၂၇ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး အပါအဝင် အင်အား ၂၇၂ ဦး အလံဖြူထောင် လက်နက်ချ အလင်းဝင်ကြောင်း MNDAA က ပြောဆိုသည်။

MNDAA၏ အဆက်မပြက်ထိုးစစ်ဆင် တိုက်ခိုက်မှုဖြင့် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကုန်းကြမ်းစခန်းကုန်းအပါအဝင် တပ်စခန်းအားလုံးကို အပြက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့အချို့နှင့်မိသားစုဝင်များ ၊ ကော်မျိုးနွယ်ပြည်သူ့စစ်အဖွဲ့အပါအဝင် စုစုပေါင်း(၂၇၀)ကျော် လက်နက်ချအလင်းဝင်လာကြောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ MNDAA က ကုန်းကြမ်းဒေသရှိ စစ်ကောင်စီတပ်စွဲထားသော တပ်စခန်း ၅ ခုနှင့် ဘေးပတ်လည်ယာယီစခန်းများကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

MNDAA၏ အရှိန်အဟုန်ပြင်းစွာ ပစ်ခတ်တိုက်ခိုက်မှုအောက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၁၂၅ တစ်ရင်းလုံးမှာ အလံဖြူထောင်ပြီး လက်နက်ချအလင်းဝင်ရန်အချက်ပြခဲ့ကြောင်း၊ ထို့နောက် ၎င်းတပ်ရင်းမှတပ်ရင်းမှူးသည် ရဲဘော်တစ်ယောက်နှင့် အတူ MNDAAထံသို့ရောက်လာပြီး လက်နက်ချအလင်းဝင်ရန် ဆွေးနွေးတောင်းဆိုခဲ့ပြီး ဒဏ်ရာရလူနာများကိုကုသကယ်ဆယ်ပေးရန်နှင့် မိသားစုဝင်များ၏နေထိုင်ရေးချပေးရန် အကူအညီတောင်းခံခဲ့ကြောင်း၊ ၎င်းတို့တောင်းဆိုချက်များကို သဘောတူညီပြီးနောက် ညနေ(၁၆)နာရီခန့်တွင် ၎င်းတပ်ရင်းမှူးသည် လက် အောက်ငယ်သားများအားလုံးခေါ်ဆောင်ပြီး MNDAAထံသို့ လက်နက်ချအလင်းဝင်လာခဲ့ကြောင်း၊ ၎င်းတပ်ရင်းမှူး၏ပြောဆိုချက်အရ စစ်ကောင်စီမှ စကခ ၁၆ ၏ စကခမှူးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ခေါ်ဆောင်ပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

လက်နက်ချအလင်းဝင်စာရင်းမှာ-ကော်မျိုးနွယ်ပြည်သူ့စစ်အဖွဲ့ဝင် ၂၇ ဦး (ဗမာလူမျိုး) ၊ ခလရ ၁၂၅ မှ တပ်ဖွဲ့ဝင် ၉၃ ဦး ၊ စကခ ၁၆ မှ တပ်ဖွဲ့ဝင် ၃၆ ဦး ၊ စကခ ၁၂ မှ တပ်ဖွဲ့ဝင် ၁၄ ဦး ၊ စစ်မိသားစုဝင် ၈၆ ဦး ၊ စစ်ဆင်ရေးအကြံပေး သူ ၅ ဦး နှင့် ရဲအဖွဲ့ဝင် ၁၁ ဦး စုစုပေါင်း လက်နက်ချ အလင်းဝင်သူ ၂၇၂ ရှိခဲ့ကြောင်း၊ ထို့ပြင် စစ်နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန်တွင် စစ်ကောင်စီ၏စစ်သုံ့ပန်များထပ်မံဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article