32 C
Yangon

ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပဒရုန်းပညာရှင် ၆၅၀၀ ခန့်၊ စစ်သုံးဒရုန်းဗုံး ၂၅၀၀၀ ကျော် အသုံးပြု သာလွန်အင်အားဖြင့် တိုက်ခိုက်ခံနေရ၍ စစ်တပ်စခန်းများမှ စွန့်ခွာပေးနေရဟု မင်းအောင်လှိုင် ဝန်ခံ

Must read

ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပဒရုန်းပညာရှင် ၆၅၀၀ ခန့်၊ စစ်သုံးဒရုန်းဗုံး ၂၅၀၀၀ ကျော် အသုံးပြု သာလွန်အင်အားဖြင့် တိုက်ခိုက်ခံနေရ၍ စစ်တပ်စခန်းများမှ စွန့်ခွာပေးနေရဟု မင်းအောင်လှိုင် ဝန်ခံ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများတွင် ပြည်ပ ဒရုန်းပညာရှင် ၆၅၀၀ ခန့်၊ စစ်သုံးဒရုန်းဗုံး ၂၅၀၀၀ ကျော် အသုံးပြုပြီး သာလွန်အင်အားဖြင့် စစ်တပ်စခန်းများ တိုက်ခိုက်ခံနေရ၍ တပ်စခန်းများမှ စွန့်ခွာပေးနေရကြောင်း အကြမ်းဖက်စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က နေပြည်တော်တွင် ယမန်နေ့ ကျင်းပသော စစ်ကောင်စီအစည်းအဝေးတွင် ထုတ်ဖော်ပြောဆို ဝန်ခံလိုက်သည်။

ပြီးခဲ့သည့် လများအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသအတွင်းရှိ တပ်မတော် လုံခြုံရေးစခန်းများကို တိုက်ခိုက်ရာတွင် TNLA၊ KIA ၊ AA အဖွဲ့တို့အပြင် စုစည်းထားသည် အခြားတပ်ဖွဲ့များမှ ကိုးကန့်များ၊ ပြည်ပမှ ဒရုန်းပညာ ရှင်များ စုစုပေါင်း အင်အား ၆၅၀၀ ခန့် ပါဝင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အဓိကအားဖြင့် Drone ကြီးများသုံး၍ Drop Bomb များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ၊ ဖြစ်စဉ်များကို သုံးသပ်ကြည့်ဆိုပါက သာလွန်အင်အားများ စုစည်းခြင်းနှင့် နည်းပညာသာလွန်မှုကို အသုံးချ၍ စစ်သုံးအဆင့် Drone များဖြင့် Drop Bomb များ အသုံးပြုတိုက်ခိုက်သည်ကို တွေ့ရကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။

ထို့ပြင် Drop Bomb အသုံးပြုမှုမှာ ယခုအချိန်အထိ အလုံးပေါင်း ၂၅၀၀၀ ကျော် ခန့် အသုံးပြုခဲ့သကဲ့သို့ ၁၀၇ မီလီ မီတာ ရှော့တိုက်ဒုံး ၁၂၀ လုံးခန့် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ MNDAA နှင့် ပူးပေါင်းအဖွဲ့များက သာလွန်အင်အားများဖြင့် တိုက်ခိုက်ခြင်း၊ Drop Bomb များဖြင့် တိုက်ခိုက်ခြင်း၊ မိသားစုဝင်များ ၏ အသက်အန္တရာယ် လုံခြုံရေးအရ အချို့နေရာများကို စွန့်ခွာပေးခဲ့ရကြောင်း၊ နယ်စပ်ဒေသဖြစ်ခြင်းကြောင့် တစ်ဖက်နိုင်ငံမှ အထင် အမြင် မလွဲမှားစေရန် ကန့်သတ် ထိန်းသိမ်းဆောင်ရွက်ပြီး ပြည်သူများ မထိခိုက်စေရန် ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း မင်းအောင်လှိုင်က ရှုံးနိမ့်ရမှု အခြေအနေများကို အကြောင်းပြသည်။

လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များက နိုင်ငံတစ်ဝန်းမှ မြို့ပေါင်း ၁၈ ခု သိမ်းယူထားပြီး စစ်ကိုင်းတိုင်းတွင် ၃ မြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၇ မြို့၊ ချင်းပြည်နယ်တွင် ၇ မြို့နှင့် ကရင်နီတွင် ၁ မြို့ စုစုပေါင်း ၁၈ မြို့ သိမ်းပိုက်ထားကြောင်း၊ စစ်ကောင်စီ၏ စစ်စခန်းပေါင်း ရာပေါင်းများစွာကိုလည်း တော်လှန် ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article