34 C
Yangon

တန့်ဆည်မြို့နယ်၊ ရွာရှည်(မ) ကျေးရွာရှိ စာသင်ကျောင်းနှင့် ဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချ

Must read

တန့်ဆည်မြို့နယ်၊ ရွာရှည်(မ) ကျေးရွာရှိ စာသင်ကျောင်းနှင့် ဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွာရှည်(မ) ကျေးရွာရှိ စာသင်ကျောင်းနှင့် ဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၂ နာရီ ဝန်းကျင်အချိန် တန့်ဆည်မြို့နယ် ရွာရှည်(မ) ကျေးရွာသို့ အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး နှစ်လုံး ကျဲချခဲ့ကြောင်း၊ ကျေးရွာ စာသင်ကျောင်းနှင့် ဆေးရုံကို ပစ်မှတ်ထားပြီး ဗုံးကျဲချသွားခြင်းဖြစ်ပြီး လတ်တလော အထိအခိုက်အပျက်အစီး အခြေအနေမသိရှိရသေးကြောင်း ဒေသပြည်သူတစ်ဦးက ဆိုသည်။

“မနေ့က မြို့ပေါ်တက်ပြီး တိုက်တာ စစ်ခွေးတွေ ၃၀ ကျော်လောက်သေတော့ ဒီမနက်မှာ တိုက်လေယာဉ်နဲ့ စာသင်ကျောင်းနဲ့ ဆေးရုံကို ဗုံးကျဲချတာ။ အထိအခိုက်အပျက်အစီးတော့မသိရသေးဘူး။ ဗုံး ၂ လုံးကျဲချသွားတာ။ လေယာဉ်သံရော ဗုံးသံရော နှစ်ခုစလုံးကြားလိုက်ရတယ်” ဟု တန့်ဆည်မြို့နယ်မှ စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော တန့်ဆည်မြို့ပေါ်တွင် ကန့်ဘလူနှင့်ရေဦးဘက်မှ စစ်ကူများ ရောက်ရှိ တပ်စွဲထားပြီး လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်သော ကျေးရွာများဆီသို့ ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article