ရဲ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စစ်သားများကို ဆိုင်ကယ်စီး၍ လုပ်ကြံသတ်ဖြတ်နိုင်သဖြင့် သတိပြုကြရန် ညွှန်ကြားချက် ထုတ်ပြန်
ရန်ကုန်၊ နိုဝင်ဘာ ၃၀
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စစ်သားများကို ဆိုင်ကယ်စီး၍ လုပ်ကြံသတ်ဖြတ်နိုင်သဖြင့် သတိပြုကြရန် ညွှန်ကြားချက် တစ်ရပ်ကို ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
နိုင်ငံတစ်ဝန်းတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဆိုင်ကယ်ဖြင့် အနီးကပ် လာရောက်ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုများ များပြားလာသည့်အပြင် ထိုသို့ ပစ်ခတ်လုပ်ကြံမည့် သတင်းများ ရရှိထားသဖြင့် သတိပြုကြရန် ထိုသို့ ညွှန်ကြားချက် ထုတ်ပြန်ခြင်းဖြစ် ကြောင်း သိရှိရသည်။
“PDFများက အရပ်ဝတ်ဖြင့် ဆိုင်ကယ်များ စီးပြီးလုံခြုံရေးတပ်ဖွဲ့ဝင်၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်၊ ဌာနဆိုင်ရာဝန်ထမ်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို အလစ်အငိုက်ပစ်ခတ်လုပ်ကြံပစ်ပြေးဆောင်ရွက်မည့် သတင်းအတိအကျရရှိသဖြင့် မိမိတို့အနီး ဆိုင်ကယ်များချဥ်းကပ်ရောက်ရှိပြီး ပစ်ခတ်ခံရခြင်း မခံရအောင်ဆောင်ရွက်ထားရှိရန်” ဟု ညွှန်ကြားချက်တွင် ရေးသားဖော်ပြထားသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
