27.7 C
Yangon

MNDAA က သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ်ရှိ ပန်ဆိုင်းမြို့တွင် အုပ်ချုပ်ရေး ပြန်လည် လည်ပတ်

Must read

MNDAA က သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ်ရှိ ပန်ဆိုင်းမြို့တွင် အုပ်ချုပ်ရေး ပြန်လည် လည်ပတ်

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်MNDAA က သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ်ရှိ ပန်ဆိုင်းမြို့တွင် အုပ်ချုပ်ရေး ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း MNDAA က တရားဝင် ကြေညာသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့နံနက်ပိုင်း ရှမ်းပြည်နယ်အထူးဒေသ(၁) မုံးကိုးခရိုင် ၊ မိုင်းပေါ်ဒေသ ၊ ပန်ဆိုင်းမြို့၏ အုပ်ချုပ်မှုယန္တရား ပြန်လည်ထူထောင်ခဲ့ပြီကြောင်း၊ ယင်းနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ပန်ဆိုင်းမြို့အုပ်ချုပ်‌ရေးအဖွဲ့ပြန်လည်ဖွဲ့စည်းထူထောင်ရေးအစည်းအဝေးကို အုပ်ချုပ်ရေးရုံးတွင် ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးတွင် ခရိုင်ပါတီကော်မတီဥက္ကဌက ပန်ဆိုင်းမြို့အုပ်ချုပ်ရေးအဖွဲ့ကိုပြန်လည်ဖွဲ့စည်းထူထောင်လိုက် ကြောင်း ကြေညာပြီး သက်ဆိုင်ရာပုဂ္ဂိုလ်၏ ရာထူးခန့်အပ်မှုနှင့် တာဝန်ခွဲဝေမှုများကို ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၏ အဆင့်ဆင့်သောလုပ်ငန်းစဉ်ကို ချမှတ်ပြီး အုပ်ချုပ်ရေးအဖွဲ့ဌာန တာဝန်ခံ အသီးသီးမှ မိမိ၏တာဝန်ဝတ္တရားများကို ရှင်းလင်းနားကြရန် ၊ ပြည်သူလူထုများကိုဂရုပြုစည်းရုံးကြရန် ၊ လူမှုစည်းမျဉ်းစည်းကမ်းများပြန်လည်ထူထောင်ကြရန်၊ ပြည်သူများကို လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်စေရန် နှင့် ထုတ်လုပ်မှုများ ၊ စာသင်ကျောင်းများပြန်လည်စတင်ပြီး ကလေးသူရွယ်များကို စာသင်ကျောင်းသို့ အမြန် ဆုံး ပြန်ရောက်စေရန် ရည်မှန်းချက်များ ချမှတ်ကြောင်း သိရှိရသည်။

၁၀၂၇ စစ်ဆင်ရေး Operation ကြီးလုပ်ဆောင်လာသည့်တလျှောက်တွင် MNDAA、TNLA、AAတို့ညီနောင် မဟာမိတ်(၃)ဖွဲ့တို့ပူးတွဲပြီး ကိုးကန့် ၊ မုံးကိုး ၊ မူပန်(သိန္နီ)နှင့် ကွတ်ခိုင်နေရာများတွင် စစ်ဆင်ရေးလုပ်ဆောင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၉ ရက်နေ့ ပန်ဆိုင်း နယ်စပ်ဂိတ်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့သည်နှင့်တပြိုင်နက် ပန်ဆိုင်း မြို့ကို ပြန်လည်ထူထောင်နိုင်ခဲ့သည်ဟုကြေညာခြင်းဖြစ်ကြောင်း၊ ပန်ဆိုင်းနယ်စပ်ဂိတ်သည် MNDAAက သိမ်းပိုက်ခဲ့သော တတိယမြောက် မြန်မာ-တရုတ်နယ်စပ်ဂိတ်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article