ကျိုက်မရောမြို့၊ ကော့ပနောရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ်များ ပျက်စီးကာ ရွာလုံးကျွတ် ထွက်ပြေးနေရ
ရန်ကုန်၊ နိုဝင်ဘာ ၃၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ကော့ပနောရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ်များ ပျက်စီးကာ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကျိုက်မရောမြို့၊ ကော့ပနောကျေးရွာ၌ PDF တပ်ဖွဲ့များ ရှိသည်ဟု စွတ်စွဲပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များ ပျက်စီးပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။
“ကော့ပနောရွာမှာ PDF တွေရှိတယ်ဆိုပြီး စစ်ခွေးတွေက လက်နက်ကြီးနဲ့ ပစ်လို့ တစ်ရွာလုံး ထွက်ပြေးကုန်ပါပြီ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ ရွာမှာ ကျန်ခဲ့တဲ့ မပြေးနိုင်တဲ့ သက်ကြီးပိုင်းပဲကျန်တယ်။ မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ သက်ကြီးပိုင်းကို ကျည်စထိမှန်သွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

