30 C
Yangon

ကော့ကရိတ်မြို့နယ်ရှိ ကနဲလေးကျေးရွာကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၃ လုံးပျက်စီး

Must read

ကော့ကရိတ်မြို့နယ်ရှိ ကနဲလေးကျေးရွာကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၃ လုံးပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကနဲလေးကျေးရွာကို အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း KNU ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးထံမှ သိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကော့ကရိတ်မြို့နယ်၊ ကနဲလေးကျေးရွာ တောင်ကုန်းပေါ်၌ စခန်းချထားသော ခမရ ၃၂ ၊ ခလရ ၅၅၅ နှင့် အမတ ၁၃၅ တို့ကနဲလေးကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကြောင့် ကနဲလေး ကျေးရွာရှိ စောမောင်ချစ်လုံး၊ စောဟေသားနှင့် နော်ဘီးလေးမို တို့၏ နေအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article