တမူးမြို့နယ်ရှိ တော်လှန်ရေး တပ်ဖွဲ့များ စိုးမိုးနယ်မြေတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူများ တွေ့ဆုံ ဆွေးနွေး
ရန်ကုန်၊ နိုဝင်ဘာ ၃၀
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ တော်လှန်ရေး တပ်ဖွဲ့များ စိုးမိုးနယ်မြေတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူများ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စစ်ကိုင်းဖက်ဒရယ် ယူနစ် လွှတ်တော်က ထုတ်ပြန်ထားသည်။
စစ်ကိုင်း ဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးမှ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ တမူးခရိုင်/မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ၊ ဒေသ တော်လှန်ရေး အင်အားစုများစုပေါင်း၍ ဒေသအတွင်းရှိ တိုင်းရင်းသား မျိုးနွယ်စု ပြည်သူလူထုနှင့်တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ဒေသဆိုင်ရာ အခက်အခဲလိုအပ်ချက်များ၊ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ပြဌာန်းထားသည့် ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေနှင့် အနာဂတ် ဖက်ဒရယ်ရေးရာ ကိစ္စရပ်များကို ဒေသ ပြည်သူလူထုထံ တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

