မြောက်ဥက္ကလာပ အထက ၃ ကျောင်းတွင် တပ်စွဲ ကင်းပုန်းဝပ်နေသော စစ်တပ်ကို မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်
ရန်ကုန်၊ နိုဝင်ဘာ ၃၀
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အထက ၃ ကျောင်းတွင် တပ်စွဲ ကင်းပုန်းဝပ်နေသော စစ်တပ်ကို မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ ည ၇ နာရီအချိန် ရန်ကုန်တိုင်း၊ အရှေ့ပိုင်းခရိုင်(ပကဖ) ၏ဦးဆောင်လမ်းညွှန်မှုဖြင့် မြောက်ဥက္ကလာပမြို့နယ် စာသင်ကျောင်းများတွင် ညပိုင်း နိုဝင်ဘာလ ၃၀ ရက်နေ့ ည ၇ နာရီအချိန် ရန်ကုန်တိုင်း၊ အရှေ့ပိုင်းခရိုင်(ပကဖ) ၏ဦးဆောင်လမ်းညွှန်မှုဖြင့် မြောက်ဥက္ကလာပမြို့နယ် စာသင်ကျောင်းများတွင် ညပိုင်း ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်များ တပ်စွဲနေရာတစ်ခုဖြစ်သော အ.ထ.က ၃ စာသင်ကျောင်းကို မြောက်ဥက္ကလာပ မြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ တပ်ခွဲ၂က အားပြင်းသောမိုင်း ၃ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ အထိအခိုက် မသိရှိရသေးဘဲ တော်လှန်ရေး ရဲဘော်များ အောင်မြင်စွာ ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။
“ရန်ကုန်မြို့ပြမှာ ရန်သူစကစတွေ ကျီးလန့်စာစားဖြစ်နေစေရမယ်။ ဘယ်က ဘယ်အချိန် ဘယ်လို ထွက်လာမလဲမသိတဲ့ ကျည်ဆံတွေရန်ကို နောက်ကျောချမ်းချမ်းနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ရန်ကုန်ဟာ ငြိမ်နေမှာမဟုတ်ဘူး။ မြို့ပြစစ်ဆင်ရေးအတွက် ရန်ကုန်ပကဖ တွေ၊ UG တွေ အရှိန်တင်လုပ်တော့မယ်။ ပိတ်ဆို့တားမြစ်စစ်ဆေးမှုတွေကို သိပ်မမှုတော့ဘူး။ အရှိန်တင်တော်လှန်တော့မယ်” ဟု ရန်ကုန်တိုင်းပကဖ ပြောရေးဆိုခွင့်ရှိသူ တိုင်းဒုတာဝန်ခံ (စစ်ရေး) ကိုမင်းရန်နိုင်ကပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များက ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် လုံခြုံရေး တင်းကျပ်ပြီး နေ့ညမပြတ် ကင်းလှည့်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယခုနိုဝင်ဘာလအတွင်း ရန်ကုန်တွင် သံချပ်ကာကားများဖြင့် လှည့်လည်နေသော အကြမ်းဖက်စစ်တပ်။