သီပေါမြို့နယ်ရှိ စစ်ကောင်စီ၏ စဥ့်အင်ရဲစခန်းကို TNLA က သိမ်းပိုက်မှု လက်နက် ၈ လက်၊ ပစ္စတို ၃ လက်နှင့် ရဲ ၂ ဦး အရှင်ဖမ်းမိ
ရန်ကုန်၊ ဒီဇင်ဘာ ၁
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ စစ်ကောင်စီ၏ စဉ့်အင်ရဲစခန်းကို တအာင်း TNLA က သိမ်းပိုက်ရရှိပြီး လက်နက် ၈ လက်၊ ပစ္စတို ၃ လက်နှင့် ရဲ ၂ ဦး အရှင်ဖမ်းမိကြောင်း TNLA က ပြောသည်။
ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် သီပေါမြို့နယ်၊ စစ်ကောင်စီ စဥ့်အင်ရဲစခန်းကို တအာင်းတပ်မတော် PSLF/TNLA က ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ၎င်းတပ်စခန်းအတွင်း စစ်ကောင်စီ၏ လက်နက် (၈)လက်၊ ပစ္စတို (၃)လက်၊ ကျည်များစွာ သိမ်းဆည်းရရှိကြောင်း၊ ရဲ ၂ ဦးကိုလည်း အရှင်ဖမ်းမိကြောင်း သိရှိရသည်။
ထို့ပြင် ယနေ့နက်ပိုင်းတွင် မူဆယ်မြို့နယ်ရှိ နမ့်ပေါ် စစ်ကောင်စီတပ်စခန်းကိုလည်း TNLA က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၂ ဦး နှင့် လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- စဉ့်အင်ရဲစခန်းမှ သိမ်းပိုက်ရရှိသော လက်နက်ခဲယမ်းများနှင့် နမ့်ပေါ် တပ်စခန်းမှ သိမ်းပိုက်ရရှိသော လက်နက်ခဲယမ်းများ။


