26 C
Yangon

မုံရွာရှိ ညောင်ဖြူပင်ရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီး၊ ကလေးဝရှိ ဂဇက်စံပြရွာကို စစ်တပ်က ဝင်ရောက် မီးရှို့မှု နေအိမ် ၁၅၀ ကျော် ပြာကျ

Must read

မုံရွာရှိ ညောင်ဖြူပင်ရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီး၊ ကလေးဝရှိ ဂဇက်စံပြရွာကို စစ်တပ်က ဝင်ရောက် မီးရှို့မှု နေအိမ် ၁၅၀ ကျော် ပြာကျ

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် မီးရှို့မှုကြောင့် နေအိမ် ၅ လုံးခန့် မီးလောင် ပြာကျခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ညောင်ဖြူပင်ကျေးရွာကို ဝင်ရောက် မီးရှို့မှုကြောင့် နေအိမ် ၅ လုံးခန့် မီးလောင်ပြာကျခဲ့ကြောင်း၊ ညောင်ဖြူပင်ကျေးရွာနှင့် အနီးအနား ပတ်ဝန်းကျင်ကျေးရွာရှိ ပြည်သူများသည် နေအိမ်များကို စွန့်ခွာ၍ စစ်ဘေးရှောင်နေကြရသည်မှာ နိုဝင်ဘာလ ၃ ရက်နေ့ကတည်းက ဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်ထိ ဒေသနေ ပြည်သူများသည် စစ်ရှောင်နေရပြီး နိုဝင်ဘာလ ၃ ရက်နေ့မှ ၃၀ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ စစ်တပ် ထောင်ထားသည့် မိုင်းနင်းမိခြင်းကြောင့် ဒေသနေ ပြည်သူ ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးထံမှ သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် ဂဇက်စံပြကျေးရွာကို အကြမ်းဖက်စစ်တပ်မှ ဇူလိုင် ၂၆ ရက်နေ့တွင်လည်း ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခဲ့ပြီး နေအိမ် ၁၅၀ ကျော်ခန့် မီးလောင် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း ဒေသပြည်သူများထံမှသိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် မော်လိုက်ဘက်သို့ စစ်ကြောင်းထိုးရာမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ရွာထိခိုက်မည်စိုး၍ မတိုက်ခိုက်ကြသော်လည်း ရွာအတွင်း မီးရှို့ဖျက်ဆီးသွားကြခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“ တိုက်ပွဲကြီးမဖြစ်လိုက်ကြဘူး ။ ရွာနာမှာစိုးလို့ မတိုက်ကြတာ ဆုတ်ပေးလိုက်တာ။ အဲဒါကို မီးရှို့သွားတယ်။ မီးရှို့လို့်လိုက်တိုက်တော့ ဆုတ်ပြေးသွားကြတယ်။ အနည်းဆုံး ၁၅၀ ပဲ မီးလောင်သွားတာ။ ရွာသားတွေက နီးစပ်ရာ ဆွေမျိုးရှိတဲ့မြို့တွေမှာ စစ်ဘေးရှောင်နေကြ၇တယ်။ တချို့တဝက်လည်း ကျန်ခဲ့တဲ့ အိမ်တွေမှာ စုပြီး နေကြတယ်” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article