27 C
Yangon

မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းမှ ထွက်လာသည့် စစ်သားများကို တိုက်ခိုက်မှု ၁ ဦး သေ၊ အလောင်းလာကောက်သည့် စစ်ကြောင်းကိုလည်း ထပ်မံ တိုက်ခိုက်မှု ၄ ဦးသေဆုံး

Must read

မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းမှ ထွက်လာသည့် စစ်သားများကို တိုက်ခိုက်မှု ၁ ဦး သေ၊ အလောင်းလာကောက်သည့် စစ်ကြောင်းကိုလည်း ထပ်မံ တိုက်ခိုက်မှု ၄ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းမှ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ထွက်လာသည့် အကြမ်းဖက်စစ်သား ၃ ဦးကို တော်လှန်ရေး အဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးထိမှန် သေဆုံးပြီး အလောင်း လာကောက်သည့် စစ်ကြောင်းကိုလည်း ထပ်မံ ပစ်ခတ် တိုက်ခိုက်ရာ ၄ ဦး သေဆုံးခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

“စခန်းထဲက ခွေး ၃ ကောင်ထွက်လာလို့ ပစ်လိုက်တာ ၁ ကောင်မှန်ပြီး လဲသွားတာ။ အဲဒီအကောင်က အကောင်ကြီးထဲကလို့ ပြောတယ်။ သူ့ အလောင်းကို လာကောက်တဲ့ ခွေးထပ်ပစ်တာ နောက်ထပ် ၄ ကောင် ထပ်ရတယ်လို့တော့ သိရတယ်” ဟု မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

ထိုသို့ အကြမ်းဖက် စစ်သားများ ပစ်ခတ် တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ညောင်ဖြူပင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၅ လုံးခန့် ပြာကျခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ညောင်ဖြူပင်ရဲစခန်းကို တော်လှန်ရေးအဖွဲ့များက နိုဝင်ဘာ ၃ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီးနောက် စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တောပုရွာမှာ ပျူစောထီးများမှ လက်နက်ကြီးနှင့်ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြပြီး ပြည်သူများ ထိမှန်ခဲ့‌ကြောင်း၊ လက်ရှိအချိန်တွင် ညောင်ဖြူပင်စခန်းတွင် စစ်ကူလာသည့် ပျူစောထီးများကြောင့် အင်အား ၁၀၀ ကျော်ခန့် ရှိနေကြောင်း၊ ညောင်ဖြူပင်ရွာမှ ပြည်သူများအပါအဝင် အနီးအနားကျေးရွာမှ ပြည်သူများမှာ နိုဝင်ဘာ ၃ ရက်နေ့မှ ယနေ့အထိ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article