27.1 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၁ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ နမ့်ပေါ် တပ်စခန်းကို TNLA ကနေ ဒီကနေ့ မနက်ပိုင်းမှာပဲ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ၊ လက်နက်မျိုးစုံ ၃၂ လက်နဲ့ စစ်သုံ့ပန်း ၂ ဦး ကိုပါ အရှင်ဖမ်းဆီးရမိထားတယ်လို့ TNLA ကနေ တရားဝင် ထုတ်ပြန်ထားပါတယ်။

– ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာလည်း အကြမ်းဖက် စစ်ကောင်စီရဲ့ စဉ့်အင်- ရဲစခန်းကို တအန်း တပ်မတော် TNLA က ဒီကနေ့ မနက်ပိုင်းမှာပဲ သိမ်းပိုက်လိုက်ပြီး ၊ လက်နက် ၈ လက်၊ ပစ္စတို ၃ လက် နဲ့ ရဲ ၂ ဦးကို အရှင်ဖမ်းမိထားတယ်လို့ TNLA က ပြောပါတယ်။

-ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့ပေါ် မှာ တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားနေပြီးအကြမ်းဖက် စစ်တပ်က လေကြောင်းကနေပါ လာရောက်တိုက်ခိုက်နေသလို ၊လက်ရှိမှာတော့ စစ်တပ်က ပစ်ခတ်မှုတွေကြောင့် ပြည်သူ ၅ ဦး ထက်မနည်း သေဆုံးထားတယ်လို့ ဒေသခံပြည်သူတွေက‌ပြောပါတယ်။

– စစ်အာဏာသိမ်းဖို့ တောင်းဆိုခဲ့သူ စစ်အာဏာသိမ်းမှုကို အကြွင်းမဲ့ထောက်ခံသူ အမျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ သန်းထွန်းကို ဒီကနေ့မနက်ပိုင်းမှာပဲ ပစ်ခတ်ရှင်းလင်းရာမှာ သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article