လွိုင်ကော်၊ ခလရ ၅၄ တပ်ရင်း၏ လက်နက်တိုက်ကို တပ်တွင်း သတင်းပေးချက်အရ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု လက်နက်တိုက် မီးလောင်ပျက်စီး
ရန်ကုန်၊ ဒီဇင်ဘာ ၁
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ ခလရ ၅၄ တပ်ရင်း၏ လက်နက်တိုက်ကို တပ်တွင်း သတင်းပေးချက်အရ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ လက်နက်တိုက် မီးလောင်ပျက်စီး ခဲ့ကြောင်း လွိုင်ကော် PDF က ထုတ်ပြန်သည်။
ယနေ့ ဒီဇင်ဘာလ ၁ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က လွိုင်ကော်မြို့ရှိ ခလရ ၅၄ တပ်ရင်းအတွင်းရှိ လက်နက်တိုက်ကို တပ်တွင်း ဖရဲသီးသတင်းပေးချက်အရ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးကျရောက်ပေါက်ကွဲပြီးနောက် အသံ ကျယ်လောင်စွာ ထွက်ပေါ်လာကာ ၂ နာရီခန့်အကြာ မီးလောင် နေခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Loikaw PDF နှင့် Falcon Wings တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လွိုင် ကော် မြို့ ရှိ စစ်ကောင်စီ တပ်စွဲထားသည့် နေရာများကို ဒရုန်း ဖြင့် တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း၊ 1111 Operation စစ်ဆင်ရေး ၂၁ ရက်မြောက်နေ့တွင် လွိုင်ကော်မြို့ တဝက်နီးပါးကို ထိန်းချုပ်ထား နိုင်ကြောင်း သိရသည်။
ခလရ ၅၄ တပ်ရင်းသည် လွိုင်ကော်မြို့၊ မိုင်းလုံးရထားလမ်း၏ ညာဘက်ခြမ်းတွင် တည်ရှိပြီး လွိုင်ကော် ဒေသကွက်ကဲရေး စစ်ဌာနချုပ်နှင့် အနီးကပ်ဆုံးတပ်ရင်းတစ်ခုဖြစ်ကာ လေကြောင်းမှ လူ၊ လက်နက်၊ ခဲယမ်းဖြည့်တင်းရာ၌ အဓိက အသုံးပြုနေသည့် တပ်ရင်းတစ်ခုဖြစ်ကြောင်း သိရသည်။
ကရင်နီပြည်နယ် 1111 Operartion စတင်ချိန်မှ မဟာမိတ်တပ်ပေါင်းစုနှင့်အတူ ဦးလည်မသုန် ပါဝင် နေပြီး အကြမ်းဖက် စစ်ကောင်စီ အမြစ်ပြတ်တောက်ရေးကို မြေပြင် ဝေဟင် အဆက်မပြတ် ဆင်နွှဲ လျက်ရှိကြောင်း Loikaw PDF X Falcon Wings က ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ် ခတ်မှုနှင့် မြေပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှလည်း ရမ်းသမ်းပစ်ခတ်မှုများကြောင့် မြို့နေ ပြည်သူများ ထိခိုက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိဘပြည်သူများ လွိင်ကော်မြို့သို ပြန်လည်ဝင်ရောက်ခြင်း မပြု ကြရန် မေတ္တာရပ်ခံထားသည်။
လွိုင်ကော်မြို့တွင် စစ်ကောင်စီ ပင်မအခြေစိုက်ရာ ဒကစ(လွိုင်ကော်အပါအဝင်) ခြေလျင်တပ်ရင်း ခလရ ၂၆၁ ၊ ခလရ ၂၅၀ ၊ ခလရ ၅၄ ၊ အမြောက်တပ်ရင်း ၃၆၂ ၊တပ်မတော်ဆေးရုံ အမှတ် ၇ ၊ ထောက် ပို့နှင့် ပို့ဆောင်ရေးတပ်ခွဲ အမှတ် ၇၂၂ တပ်တို့ရှိကြောင်း သိရသည်။


