36 C
Yangon

မူဆယ်၊ သီပေါ၊ လားရှိုး၊ နမ့်ခမ်း၊ ကျောက်မဲတို့တွင် TNLA နှင့် စစ်တပ် တိုက်ပွဲ ဆက်လက်ပြင်းထန်၊ TNLA က စခန်း ၂ ခု သိမ်းပိုက်ပြီးနောက် စဉ့်အင်တံတား ကျိုးကျသွား

Must read

မူဆယ်၊ သီပေါ၊ လားရှိုး၊ နမ့်ခမ်း၊ ကျောက်မဲတို့တွင် TNLA နှင့် စစ်တပ် တိုက်ပွဲ ဆက်လက်ပြင်းထန်၊ TNLA က စခန်း ၂ ခု သိမ်းပိုက်ပြီးနောက် စဉ့်အင်တံတား ကျိုးကျသွား

ရန်ကုန်၊ ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်၊ သီပေါ၊ လားရှိုး၊ နမ့်ခမ်း၊ ကျောက်မဲတို့တွင် TNLA နှင့် စစ်တပ် တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း TNLA ၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်များအရ သိရှိရသည်။

ယမန်နေ့တွင် TNLA က မူဆယ်မြို့နယ် စစ်ကောင်စီ နမ့်ပေါ်တပ်စခန်း၊ သီပေါမြို့နယ် စစ်ကောင်စီ စဥ့်အင်ရဲစခန်းတို့ကို သိမ်းပိုက်ခဲ့ပြီး စခန်းနှစ်ခုမှ စစ်သုံ့ပန်း ၄ ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

TNLA က စဉ့်အင်ရဲစခန်းကို သိမ်းပိုက်ပြီးနောက် စဉ့်အင်တံတားမှာ ကျိုးကျသွားကြောင်း၊ လက်ရှိတွင် လုံး၀ သုံးမရအောင် ပျက်စီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့က စဉ့်အင်ရဲစခန်းတိုက်ပွဲဖြစ်ပြီးတော့ စစ်တပ်က လေယာဉ်နဲ့ လာပစ်တယ်။ ပြီးတော့ တံတားက ထက်ပိုင်းကျိုးသွားတာပဲ။ တံတားက စစ်တပ်က ပစ်လို့ ကျိုးတာလား၊ တော်လှန်ရေးတပ်ဖွဲ့တွေက ချိုးတာလားတော့ သေချာမသိဘူး။ တံတားကတော့ သုံးမရတော့ဘူး။ ” ဟု‌ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ယမန်နေ့ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာနှင့် ၁၀၅မိုင် တပ်စခန်းဘက်တွင်လည်းကောင်း၊ ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ နမ့်ဖတ်ကာတပ်စခန်းတွင်လည်းကောင်း၊ ကျောက်မဲမြို့နယ် ကြူရှောကျေးရွာ၊ နမ့်ရင်ကျေးရွာဘက်နှင့် အေရှာဝေါတိုးဂိတ်အနီးတဝိုက်တွင်လည်းကောင်း၊ လားရှိုး မြို့နယ် ဟိုပိတ်ကျေးရွာအနီးတဝိုက်တွင် လည်းကောင်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article