28 C
Yangon

ညောင်လေးပင် ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ ဖြူးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ ထိခိုက်ပျက်စီး

Must read

ညောင်လေးပင် ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ ဖြူးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ ထိခိုက်ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၂

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၅၉၉ တပ်ရင်းက ၈၁ မမ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်း ပစ်ခတ်ခဲ့ရာ ဌက်ပျောတော ကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၈ နှစ်အရွယ် စောဆဲပွယ် ညာဘက်နံရိုးကြားတွင် လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၂ နာရီ ၁၀ မိနစ်ခန့်တွင် ခမရ−၄၃၉ က ၈၁ မမ လက်နက်ကြီး ၁လုံးကို ပစ်ခတ်ခဲ့ရာ လက်ပံတန်းကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဗုံးစထိမှန်၍ အသက် ၂၅ နှစ်အရွယ် မခက်ဝေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ညနေ ၄ နာရီ ၄၈ မိနစ်ခန့်တွင် အကြမ်းဖက်စစ်တပ်၏ ခမရ−၅၉၉ က ပစ်ခတ်လိုက်သော ၈၁ မမ လက်နက်ကြီး ၁ လုံးသည် ဘန်းလောင်ကျေးရွာအတွင်း ရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့၍ ကား၁ စီးနှင့် အဆောင် ၁ ခု ထိခိုက်ပျက်စီးခဲ့ရကာ အသက် ၂၈ နှစ်အရွယ် ကိုဇင်လင်းဦး ညာဘက်လက်ခုံတွင် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ရကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ ခမရ−၃၀၇ တပ်ရင်းသည် ည ၇ နာရီတွင်လည်း ၁၂၀ မမ လက်နက်ကြီး ၁လုံးကို ပစ်ခတ်ခဲ့ရာ နတ်လောင်ကျေရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၃ နှစ်အရွယ် မအလင်္ကာနှင့် အသက် ၅၄ နှစ်အရွယ် ဒေါထူးတို့မှာ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး အသက် ၅၈ နှစ်အရွယ် ဦးကံထူး မှာ ကျောပြင်သို့ လက်နက်ကြီး ကျည်စထိမှန်ကာ အသက်သေဆုံးခဲ့ရကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးများနှင့် ပစ်ခတ်နေမှုကြောင့် ဘန်လောင်းကျေးရွာမှ ပြည်သူ ၃၀ ဦးခန့်မှာလည်း ဘေးလွတ်ရာသို့ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ ဖြူးမြို့နယ်အရှေ့ဘက်ရှိဘန်းလောင်ရွာကို အကြမ်းဖက်စစ်တပ်က နိုဝင်ဘာ ၂၈ ရက်နေ့ညတွင် လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များ ပျက်စီးသွားခဲ့ကြောင်း Taungoo Spring Revoluation News Collection အဖွဲ့ထံမှ သိရှိရသည်။

ထို့ပြင် အောက်တိုဘာလ ၃၀ရက်နေ့တွင်လည်း လယ်ပြင်ရွာနှင့် မန်ကျီးကုန်းရွာများကို အကြမ်းဖက် စစ်တပ်က လေယာဥ်ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်ပြီး ဗုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article