24.9 C
Yangon

နမ့်ခမ်းမြို့ကို စစ်တပ်က ယမန်နေ့ညပိုင်း တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိ၊ နေအိမ် ၆၀ နီးပါးထိခိုက် ပျက်စီး

Must read

နမ့်ခမ်းမြို့ကို စစ်တပ်က ယမန်နေ့ညပိုင်း တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိ၊ နေအိမ် ၆၀ နီးပါးထိခိုက် ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ကို စစ်တပ်က ယမန်နေ့ညပိုင်း တိုက် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ပြည်သူ ၃ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများကို တရုတ်နိုင်ငံ ရွှေလီဘက်သို့ တင်ပို့ ဆေးကုသမှု ပေးနေရကြောင်း နမ့်ခမ်းဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် နမ့်ခမ်းမြို့ ဟိုကတ်ရပ်ကွက်နှင့် နောင်စန့်ရပ်ကွက်ကို စစ်တပ်က တိုက်လေယာဉ်များဖြင့် ဆင့်ကွဲ ပေါက်ကွဲစေသည့် ဗုံးများ ကျဲချခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး အများပြား ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသော ပြည်သူများကို တရုတ်နိုင်ငံ ရွှေလီမြို့ ရှိ ဆေးရုံများသို့ အရေးပေါ် ဆေးကုသရန် ပို့ဆောင်ထားရကြောင်း သိရှိရသည်။

“ညက လေယာဉ်နဲ့ ဗုံးကျဲသွားတာက ဟိုကတ်ရပ်ကွက်နဲ့ နောင်စန့်ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး မြောက်ဖက်အခြမ်းကို ကျဲချတာ။ အဆောင် နေ ကျောင်းသားတွေပါ ထိတယ်။ ပြည်သူ ၃ယောက်သေတယ်။ နေအိမ်တွေမှာက လူစောင့်လောက်ပဲရှိကြတာ။ အကုန်လုံးက ရွှေလီ ဘက်အခြမ်းကို ကူးသွားကြပြီ။ နေအိမ် ၁၀ လုံးပျက်စီးတယ်။ အိမ် အလုံး ၅၀ ကျော် ထိခိုက်တယ်။ မပေါက်ကွဲသေးတဲ့ ဗုံး ၃ လုံးကျန်ခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးက‌ ပြောဆိုသည်။

ယနေ့ နမ့်ခမ်းမြို့နှင့်ကပ်လျက် တရုတ်နိုင်ငံ၊ ကြယ်ဂေါင်ဘက်အခြမ်းတွင် ပြည်သူများကို ရွှေ့ပြောင်းကြရန် တရုတ်အာဏာပိုင်များက လိုက်လံ နှိုးဆော်နေပြီး မကြာမီ တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ဟု မျှော်လင့်ရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article