ရွှေဘိုမြို့နယ်၊ ပလိုင်းရွာ အတွင်း ကင်းလှည့်နေသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦး သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာအတွင်း ကင်းလှည့်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သား များကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း War Lord Defense Force – Shwe Bo တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
နိုဝင်ဘာလ ၃၀ ရက်နံနက် ၉ နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ ပလိုင်းရွာစာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦး ကင်းလှည့်ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့မှ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း၊ စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများ၊ ရွာသာယာမှ ပျူ စောထီးများ စစ်ကူများရောက်ရှိလာသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“ပလိုင်းရွာထဲမှာပဲ ချုံခိုတိုက်ခိုက်ခဲ့တာဗျ၊ ထိတွေ့တိုက်ပွဲကတော့ မိနစ် ၃၀ လောက်ပဲ ကြာတယ်၊ စစ်ခွေးတွေဘက်က ကျတာများတော့ လက်နက်ကြီး ၄၀ မမ ၃ လုံးပစ်တယ်၊ လက်နက်ငယ်တွေနဲ့ ရမ်း သမ်းပစ်ခတ်နေတာတော့ တော်တော်ကြာတယ်ဗျ၊ ၃ ဦးကတော့ မျက်မြင်သေသွားတာ၊ နောက်ဆက် တွဲသေဆုံးထိခိုက်မှုကတော့ စုံစမ်းနေတုန်းပါပဲ” ဟု War Lord Defense Force – Shwe Bo တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို War Lord Defense Force PDF B4-C2 မဟာမိတ်ညီနောင်များဖြစ်သော Guardian Force PDF B4-C1 /Snake Eyes PDF B4-C-3 ၊ တောဗိုလ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့်နယ်မြေ ဒေသ ပကဖများပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။