19 C
Yangon

ရွှေကျင်နှင့် ဝေါမြို့နယ်တို့တွင် နိုဝင်ဘာလအတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံး

Must read

ရွှေကျင်နှင့် ဝေါမြို့နယ်တို့တွင် နိုဝင်ဘာလအတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နှင့် ဝေါမြို့နယ်တို့တွင် နိုဝင်ဘာလ အတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ပဲခူးခရိုင်၊ တပ်ရင်းအမှတ် ၃၇၀၁ – Giant Dragon Column က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၂ မိနစ်ခန့်တွင် ရွှေကျင်မြို့နယ်ရှိ ခမရ ၅၉၈ တပ်ရင်း အနီး တိုက်ပွဲ ဖြစ် ပွားပြီး စစ်တပ် ဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၂ မိနစ်တွင် ခမရ ၅၉၈ တပ်ရင်း အနီး ထပ်မံ တိုက်ပွဲ ဖြစ်ပွားကာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၂၄ ရက်နေ့ ရွှေကျင်မြို့နယ်၊ ဇလုပ်ကြီး ကျေးရွာအနီး ခမရ ၅၉၈ တပ်ရင်း၌ နံနက် ၇ နာရီခန့်တွင် တစ်ကြိမ် ၊ နံနက် ၉ နာရီ ၅ မိနစ် တွင် တစ်ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ဝေါမြို့နယ်တွင် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်တွင် သူရဲသမိန် တပ်စခန်း၌ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၈ ဦးသေဆုံးကာ တိုက်ပွဲအတွင်း UZI သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းတိုင်း စစ်ဒေသခွဲ ၂ ၊ KNLA / PDF ၃၇၀၂ တပ်ခွဲ ၄ ၊ ၃၇၀၁၊ ပကဖ မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ပြီး ထိတွေ့ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article