25 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် နိုဝင်ဘာလအတွင်း တိုက်ပွဲ ၆၇ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂၄ ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော် ၁၁ ဦးကျဆုံး

Must read

KNU တပ်မဟာ ၅ နယ်မြေတွင် နိုဝင်ဘာလအတွင်း တိုက်ပွဲ ၆၇ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂၄ ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော် ၁၁ ဦးကျဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၃

KNU တပ်မဟာ ၅ နယ်မြေတွင် နိုဝင်ဘာလ အတွင်း တိုက်ပွဲ ၆၇ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂၄ ဦး သေဆုံးခဲ့ကြောင်း KNU-မူတြော်က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလအတွင်း KNU တပ်မဟာ ၅ နယ်မြေတွင် KNLA-ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့် အကြမ်းဖက် စစ်တပ်တို့ အကြား တိုက်ပွဲပေါင်း ၆၇ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၂၄ ဦးသေဆုံးကာ ၁၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ဘက်မှ သေဆုံးမှု စာရင်းထဲတွင် တပ်ရင်းမှူး ၁ ဦးနှင့် တပ်ကြပ် ၁ ဦးတို့ပါဝင်ပြီး ထိခိုက် ဒဏ်ရာရသူများထဲတွင် တပ်ခွဲမှူး ၁ ဦးပါရှိကြောင်း သိရှိရသည်။

အဆိုပါ အပြန်အလှန် တိုက်ခိုက်မှုအတွင်း KNLA-အမှတ် ၅ တပ်မဟာစစ်သည်တော် ၁၁ ဦး မြင့်မြတ်စွာတိုင်းပြည်နှင့် လူမျိးအတွက် အသက်ပေးလှူလိုက်ရကာ ၅၀ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလအတွင်း အကြမ်းဖက် စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် လူသောမြို့နယ်၊ ဖဲထာကျေးရွာနှင့်အနီးအနားရှိ ကျေးရွာများကို ဗုံး ၇ ကြိမ်တိတိ ကျဲချသွားပြီး ၁၂၂-မမ ၊ ၁၂၀-မမ နှင့် ၆၀-မမ လက်နက်ကြီး စုစုပေါင်း ၇၄ လုံး ရွာအတွင်းကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ ပြည်သူပိုင် နေအိမ် ၂ လုံး လောင်ကျွမ်း ပျက်စီးခဲ့ပြီး အိမ်မွေးနွား ၂ ကောင်လည်း သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article