28 C
Yangon

ဝေါမြို့နယ်၊ ကျောက်ကြီးနှင့် မုန်းမြို့တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အဘွားအို ၁ ဦးသေဆုံးပြီး နေအိမ်၊ ဆေးပေးခန်းနှင့် ဘုန်းကြီးကျောင်းများ ပျက်စီး၊

Must read

ဝေါမြို့နယ်၊ ကျောက်ကြီးနှင့် မုန်းမြို့တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အဘွားအို ၁ ဦးသေဆုံးပြီး နေအိမ်၊ ဆေးပေးခန်းနှင့် ဘုန်းကြီးကျောင်းများ ပျက်စီး၊

■ မူဆယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကျဲ၍ ၄ လသား ကလေးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၄

ပဲခူးတိုင်း ဝေါမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ပိုင်နေအိမ်များ၊ ဘုန်းကြီးကျောင်းများနှင့် ထိခိုက်ပျက်စီးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှစတင်၍ ပဲခူးတိုင်း ၊ ဝေါမြို့နယ် ၊ အထက်ကွေ့ကြီးကျေးရွာရှိ စစ်တပ်က ၁၂၀ မမ ဖြင့်လည်းကောင်း၊ လက်ပံကျေးရွာတွင် စစ်တပ်က ၈၁ မမ ဖြင့်လည်းကောင်း ပစ်ခတ်ရာ ခရွဲကျေးရွာ နှင့် ထင်းတဲရပ်ကွက် ရှိ

အရပ်သား ပြည်သူ များ၏ နေအိမ်များနှင့် အဆောက်အအုံများ ထိမှန်ပျက်စီးခြင်း ၊ ကျေးရွာမီးသွယ်တန်းထားသော မီးကြိုးများ ထိမှန်ပျက်စီးခဲ့ကြောင်း၊ ထင်းတဲရပ်ကွက်ရှိ ဓမ္မာရုံမှာလည်း ၈၁ မမ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် ဓမ္မာရုံပျက်စီးပြီး လူနေအိမ်အချို့လည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့အတူ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ခရွဲရွာ ကျေးလက် ဆေးပေးခန်း ၊ ခရွဲရွာ ဘုရားကုန်းဘုန်းကြီးကျောင်း နှင့် တောင်ကျောင်း ၊ မြောက်ကျောင်းတို့တွင် ၁၂၀ မမ လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဆေးခန်းနှင့် ဘုန်းကြီးကျောင်း ပျက်စီးသွားကြောင်း သိရှိရသည်။

လက်ပံကျေးရွာ ကမ်းနားပိုင်း မှ စစ်တပ်က ၈၁ မမ ၊ ၄၀ မမ များ ဖြင့်လည်းကောင်း၊ ခမရ ၅၉၈ ကလည်း ၈၁ မမ ဖြင့်လည်းကောင်း၊

အထက်ကွေ့ကြီး ဝေဠုဝန် ဘုန်းကြီးကျောင်းတွင်တပ်စွဲထားသော စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့်လည်းကောင်း အချက် ၃၅ ကြိမ် ပစ်ခတ်ခဲ့ကြောင်း ၊ ထိုသို့ ပစ်ခတ်မှုကြောင့် ဆေးပေးခန်း ၊ ဘုန်းကြီးကျောင်း အချို့ လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ နွယ်တန်းရွာတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် အိမ်မွေးဝက်များ သေဆုံးကြောင်း၊ မုန်းမြို့ ၁ ရပ်ကွက် တွင် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အသက် ၈၄ နှစ်အရွယ် အဘွားအို ဗုံးစ ထိမှန် သေဆုံးကြောင်း၊ ပြည်သူ ၂ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ထို့အတူ ဒီဇင်ဘာလ ၂ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြိုနယ်၊ နမ့်ခွမ်ကျေးရွာ၊ စယ်လန့်ကျေးရွာ နှင့် ၁၀၅ မိုင်တွင် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၄ လသားအရွယ်ကလေးငယ် ၁ ဦး သေဆုံးကာ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရှမ်းပြည်နယ်၊မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ရပ်ကွက်(၁)မန့်ခမ်းရှိ နေအိမ်များကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article