32 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၄ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းက ဗိုလ်မှူးကြီးတစ်ဦးဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က လူဝင်မှုကြီးကြပ်ရေးရုံးမှာ ငွေကြေးအကုန် အကျများတဲ့ အခွင့်ထူးခံ ဗီဇာ လာလုပ်နေပြီလို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနမှာ ရောက်နေတဲ့ မြန်မာတချို့က အတည်ပြု ပြောပါတယ်။

– အကြမ်းဖက် စစ်ကောင်စီက စစ်သားပြုန်းတီးမှုကို ကုစားဖို့ဆိုပြီး ၊ အနည်းဆုံး ၁ လမှာ စစ်သား သစ် ၁ ယောက်နှုန်း နဲ့ တပ်ရင်းတွေအားလုံးမှာ တစ်နှစ်ကို စစ်သားသစ် ၁၂ ဦးနှုန်း စုဆောင်းဖို့ ၊ မစုဆောင်းနိုင်ရင် အရေးယူမယ်ဆိုပြီး စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြားချက် ထုတ်ပြန် လိုက်ပါတယ်။

– ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် တရုတ်နိုင်ငံ ရွှေလီမြို့ဘက်အခြမ်းကို ကူးကြတဲ့ ပြည်သူတွေဟာ ကြိတ်ကြိတ်တိုးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

– ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးကြီးအတွင်းမှာပဲ နိုင်ငံတစ်ဝန်း နိုဝင်ဘာလတိုက်ပွဲ တွေထဲ အကြမ်းဖက် စစ်တပ်က ဗိုလ်မှူးချုပ်/ဗိုလ်မှူး ကြီး၊ ဒုဗိုလ်မှူးကြီး နဲ့ ဗိုလ်မှူး အဆင့် အရာရှိ ၁၃ ဦးသေသွားတဲ့အပြင် ၊ စစ် သုံ့ပန်း အဖြစ် ၁၁ ဦး အဖမ်းခံရသလို ဗိုလ်ကြီးအဆင့်မှာ တော့ ၆ ဦးသေပြီး ၊ ၄ ဦး ဖမ်းမိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article