စလင်းမြို့နယ်၊ ပြောင်းခင်းတောင်ရွာတွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၄
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ပြောင်းခင်းတောင်ရွာတွင် ပျူစောထီး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေါင်းညီနောင် မြို့ပြပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာ ၃ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် စလင်းမြို့နယ်၊ ပြောင်းခင်းတောင်ရွာတွင် နေထိုင်သည့် ပျူစောထီး အဖွဲ့ဝင် ဆန်းလွင် ကို ဒေါင်းညီနောင် မြို့ပြပြောက်ကျား တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။
“စလင်းမြို့နယ် ပြောင်းခင်းတောင်ရွာက ပျူစောထီး စာရင်း၀င် ဆန်းလွင်ကို မနေ့ည 8နာရီ ၃၀ မိနစ်လောက်က ကျွန်တော်တို့ ဒေါင်းညီနောင်အဖွဲ့က တိုက်ခိုက်ခဲ့တာ သေဆုံးသွားတယ်။ နယ်မြေခံတွေ ပြောကြားချက်အရတော့ ဆန်းလွင်က ပြည်သူတွေကို နှိပ်စက်တယ်လို့သိရတယ်” ဟု ဒေါင်းညီနောင် မြို့ပြပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။