KNU စီမံအုပ်ချုပ်နယ်မြေတွင် ရှိသော CDM များ၊ စစ်ဘေးရှောင်များ၊ ကလေးသူငယ်များ၊ တော်လှန်ရေးရဲဘော်များကို ထောက်ပံ့ရေးရိက္ခာပစ္စည်းများလှူဒါန်း
ရန်ကုန်၊ ဒီဇင်ဘာ ၄
အမေရိကန်နိုင်ငံရောက် မြန်မာများနှင့်နိုင်ငံတကာရောက်မြန်မာများ၏ ထောက်ပံ့ရေးရိက္ခာပစ္စည်းများကို အဆိုတော် ”ဝင်းနိုင်စိုး” မှ KNU စီမံအုပ်ချုပ်နယ်မြေတွင် ရှိသော CDM များ၊ စစ်ဘေးရှောင်များ၊ ကလေးသူငယ်များ၊ တော်လှန်ရေးရဲဘော်များကို လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
KNU မှ တာဝန်ရှိများနှင့် အေအေစီကိုရဲမင်းတို့ ပူးပေါင်းစီစဥ်ပေးမှုဖြင့် စိတ်ဓာတ်မြင့်တင်ရေး
ဖျော်ဖြေရေးပွဲကိုလည်း ပူးတွဲ ကျင်းပခဲ့ပြီး အေအေစီကိုရဲမင်း အဖွဲ့မှလည်း လိုအပ်သည်များ
ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။