28 C
Yangon

မယ်စဲ့မြို့နယ်ရှိ နယ်ခြားစောင့်တပ် ဌာနချုပ်စခန်း ၂ ခု ကို တိုက်ခိုက် သိမ်းပိုက်

Must read

မယ်စဲ့မြို့နယ်ရှိ နယ်ခြားစောင့်တပ် ဌာနချုပ်စခန်း ၂ ခု ကို တိုက်ခိုက် သိမ်းပိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၄

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် ဌာနချုပ်စခန်း ၂ ခုကို တိုက်ခိုက် သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့က သံလွင်မြစ်အရှေ့ဘက်ခြမ်း မယ်စဲ့မြို့နယ်၊ ပန်တိန်းကျေးရွာရှိ အကြမ်း ဖက် စစ်ကောင်စီလက်အောက် ခံ ၁၀၀၄ နယ်စောင့်တပ်ရင်း ဌာနချုပ်ကိုလည်းကောင်း၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မယ်စဲ့မြို့နယ်၊ ရွာသစ်ရွာအခြေစိုက် အမှတ် ၁၀၀၅ နယ်ခြားစောင့်တပ် တပ်ရင်း ဌာနချုပ်စခန်းကိုလည်းကောင်း၊ ၁၁၀၇ – စစ်ဆင်ရေး ကရင်နီပြည်စစ်မျက်နှာအောင်ပွဲအဖြစ် သိမ်း ပိုက်ရရှိထားကြောင်း သိရသည်။

“အဲဒီနယ်ခြားစောင့်တပ်စခန်းက ရှိတာတော့ ကြာပြီ၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတော့ မြောက် ပိုင်းကို ပို့ဖို့အတွက် တပ်မ ၅၅ ကို ပြန်ရုတ်လိုက်တာ၊ အားလုံးနီးပါးပေါ့ အနည်းအကျဉ်းလောက်ပဲ ကျန်တော့တဲ့အချိန် ၁၁၀၇ ပြန်စတော့ သူတို့ရလိုက်တာ၊ အဲဒီတပ်မ ၅၅ က မယ်စဲ့မြို့နယ်ကို ပြန်ထိုး ဖို့အတွက် ယာဉ်တန်းနဲ့ လက်နက်ခဲယမ်းအပြည့်ပို့နေတာ၊ လက်နက်ခဲယမ်းတွေကတော့ ရောက် တော့ရောက်နေပြီပေါ့၊ ဘောလခဲ၊ ဖားဆောင်းဘက်ကို ရောက်တော့ရောက်နေပြီ၊ စစ်ကောင်စီက လူအင်အားလည်း မရှိတော့ သူတို့ကို အကုန်လုံးပြန်ရုတ်လိုက်တာ၊ အဲဒါတော့ အနည်းအကျဉ်း လောက်ပဲ ကျန်တဲ့အချိန်မှာ ၁၁၀၇ စစ်ဆင်ရေးပြန်စလိုက်တော့ စခန်းရသွားတာပေါ့၊” ဟု ကရင်နီ တောင်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ကရင်ပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလ လတ) ၏ တိုက်ရိုက်ခေါင်းဆောင်မှု အောက်ရှိ ကရင်နီပြည် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (KPLA) တပ်မဟာ ၇၈၂၆ ၊ တပ်မဟာမှူး ရဲဘော် ဆီမိုးနယ်နှင့် KA တပ်ရင်း ၁ တပ်ရင်းမှူး ဖားမူးတို့ ဦးစီးကာ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) ၊ (KA) တပ်ရင်း ၁ တို့နှင့်အတူ PDF၊ KNDF၊ (ကလလတ)လက်အောက်ခံ Federal Wing Drone တပ်ဖွဲ့၊ ဘော်လခဲ PDF Drone အဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအကြမ်းဖက် စစ်ကောင်စီတပ်စခန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် သံလွင်မြစ် အရှေ့ဘက်ရှိ ပန်တိန်းစခန်းမှ သံလွင်မြစ်အနောက်ဖက် ဖားဆောင်းသို့ ဆုတ်ခွာပြီး လွိုင်ကော်သို့ စစ်ကူပေးရန် ထွက်ခွာသွားသောအကြမ်းဖက်စစ်ကောင်စီတပ်ကို လိုက်လံတိုက်ခိုက်ချေမှုန်းရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကာ လက်နက် ၅ လက် အပါအဝင် ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article