28 C
Yangon

မြင်းမူမြို့နယ်၊ ထီးဆောင်းရွာရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

မြင်းမူမြို့နယ်၊ ထီးဆောင်းရွာရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်း၊ လမ်းပေါ် ဂိတ်နှင့် စစ်ကောင်စီတပ်သားများ အခြေချထားရာ ဆေးရုံကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့- MSPDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၃ ရက် နံနက် ၉ နာရီခန့်မှ ၁၁ နာရီခန့်အထိ အကြမ်းဖက်စစ်သားများ အခြေချ နေထိုင်သော မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာရှိ အထိုင်စခန်း၊ မုံရွာ-မန္တလေးလမ်းပေါ်ရှိ စစ်ဆေး ရေးဂိတ်နှင့် အကြမ်းဖက်စစ်သားများ အထိုင်ချတပ်စွဲထားရာ ဆေးရုံတို့ကို “Shar Htoo Waw” နည်း ပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် Air BOMB ၉ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF ၊ စစ်ကိုင်းခရိုင် အမှတ် ၆ တပ်ရင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း တပ်ခွဲ ၁ -မြေလတ် PDF၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF နှင့် မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article