ယင်းမာပင်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး အမျိုးသမီးသပိတ်ချီတက်
ရန်ကုန်၊ ဒီဇင်ဘာ ၄
ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် အမျိုးသမီးများဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ကြသည်။
အမျိုးသမီးမဟာမိတ်အင်အားစုရဲ့ ၁၆ ရက်တာလှုပ်ရှားမှုထဲက တရက်အဖြစ်ချီတက်ခဲ့ကြခြင်းဖြစ်ပြီး ကျေးလက်နေအမျိုးသမီးများ၏ တော်လှန်စိတ်ကိုပြသသည့်အနေဖြင့် တံစဥ်များ၊ တောင်းများကိုင်ကာ ခမောက်ကိုစောင်း၍ ချီတက်ခဲ့ကြခြင်း ဖြစ်သည်။