ဆားလင်းကြီးမြို့နယ်ရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းများကို စာရေးကိရိယာများ ထောက်ပံ့
ရန်ကုန်၊ ဒီဇင်ဘာ ၄
မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ ဆားလင်းကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဗလာစာအုပ်များ လိုအပ်နေသော ပြည်သူ့အခြေပြု စာသင်ကျောင်းနှစ်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများကို ဗလာစာအုပ် ၂၆၅ ဒါဇင်ကို ထောက်ပံ့ကူညီခဲ့သည်