26 C
Yangon

ကျိုက်ထိုနှင့်နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦး သေဆုံး

Must read

ကျိုက်ထိုနှင့်နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်း (ကွာရီအပိုင်)လမ်းကွေ့၌ အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု- KRF ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၄ ရက် ညနေ ၃ နာရီ ၅၂ မိနစ်တွင် ဘီးလင်းမြို့နယ်ဘက်မှ ရန်ကုန်မြို့ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ-၄၄ စစ်တပ်ယာဉ် ၇ စီးကို ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်း(ကွာရီအပိုင်) လမ်းကွေ့တစ်ခု၌ လက်လုပ်မိုင်းအကြီး ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ စီး မြောက်ယာဉ်၏ ညာဘက်ခြမ်းထိခိုက်ပျက်စီးသွားခဲ့ပြီး မောင်းပြေးသွားကြောင်း၊ ကျန်ကားများ‌ ပေါ်ရှိအကြမ်းဖက်စစ်သားများက လမ်းတလျှောက် သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့သို့ မိုင်းဆွဲတိုက်ခိုက်ခိုက်မှုကြောင့် ထိမှန်သွားသော ကားကို စစ်တောင်းတံတား ကျော်လွန်ပြီး တ ဖက် ကမ်းအရောက်၌ သေဆုံးသွားသော ၃ ပွင့်ဗိုလ်အပါအဝင် ၅ ဦးနှင့် ဒဏ်ရာရရှိသူ ၆ ဦးကို ကား ပေါ်မှချကာ ကား ၅ စီးဖြင့် ရန်ကုန်ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF ၊ KNU/KNLA Tiger Group နှင့် ကျိုက်ထို ပကဖ အဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တောင်းတံတားဂိတ်နှင့် မုပ္ပလင် လမ်းဆုံဂိတ်တို့မှ လက်နက်ကြီးများဖြင့် အခင်းဖြစ်ပွားရာ နေရာကို ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များအထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက် လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ကြောင်းနှင့်ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီး ဆုံး ရှုံး စေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်မည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး-မြင်းခြံလမ်းပေါ် တွင်အကြမ်းဖက်စစ် ကောင်စီ ကား တစ်စီး ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး မိုင်းထိပြုတ်ကျ သေဆုံးခဲ့ ကြောင်း မလှိုင် ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၄ ရက် မွန်းလွဲ ၂ နာရီခန့်က နွားထိုးကြီးမြို့မှ မြင်းခြံမြို့ဘက်သို့ ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ လိုက်ပါလာသော 4 /WD အနက်ရောင်ကားတစ်စီးကို မြင်းခြံ -နွားထိုးကြီးလမ်းမပေါ်တနေတွင် ပဒေသာမိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်သား ၁ ဦး မိုင်းထိကာ ကားပေါ်မှ ပြုတ်ကျသေဆုံးကျန်ရစ်ခဲ့ကြောင်း သိရသည်။

“နွားထိုးကြီးကနေ မြင်းခြံဘက်ကိုလာတဲ့ကားဗျ၊ မိုင်းက ၃ လုံးပွိုင့် ဆွဲခဲ့တာ၊ ပြုတ်ကျခဲ့တာ ကောက်ဖိုးဝေးတယ်၊ လှည့်တောင်မကြည့်ရဲဘူး မောင်းပြေးတာ၊ ညနေ ၃ နာရီလောက်မှ နွားထိုးကြီး မြို့ ဘက်ကနေ ဖိုးဝှီးကား တစ်စီးနဲ့ မှန်လုံအသေး တစ်စီး၊ ကား ၂ စီးနဲ့ စစ်ခွေး တွေရော၊ ပျူတွေ လာပြီး ကား ၂ စီးနဲ့ အလောင်းလာကောက်သွားတယ်” ဟု မလှိုင် ပကဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း ၈ မလှိုင် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article