လွိုင်ကော်မြို့ရှိ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတို့တွင် စစ်တပ်က ဝင်ရောက်တပ်စွဲနေ
ရန်ကုန်၊ ဒီဇင်ဘာ ၅
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတို့တွင် အကြမ်းဖက် စစ် ကောင်စီတပ်ဖွဲ့များက ဝင်ရောက်တပ်စွဲနေ ကြောင်း ဒီးမော့ဆိုမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြား သည်။
၁၁၁၁ စစ်ဆင်ရေးအဖြစ် ကရင်နီပြည်နယ်အတွင်း၌ ကရင်နီတောင်လှန်ရေး တပ်ပေါင်းစုများက စစ် ဆင်ရေးအရှိန်မြှင့်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်စခန်း ကင်းပုန်းများ၊ ကာကင်းများ၊ အ ထိုင်စခန်းများ၊ စစ်ဆေးရေးဂိတ်များကို အများအပြား သိမ်းပိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ် သား အများအပြားသေဆုံးပြီး လက်နက်ချအညံ့ခံသူ၊ ထွက်ပြေးသူအမြောက်အများနှင့် လက်နက် ခဲ ယမ်း အမြောက်အများလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
ထို့သို့ အထိနာသော အကြမ်းဖက်စစ်တပ်က လွိုင်ကော်မြို့တွင်းရှိ အများပြည်သူပိုင်ဆိုင်သော စာ သင်ကျောင်းများ၊ တက္ကသိုလ်ကျောင်းများ၊ အထပ်မြင့်လူနေအိမ်များနှင့် ဘာသာရေးအဆောက်အဦ များတွင် ဝင်ရောက်တပ်စွဲကာ ဘုရားကျောင်းအတွင်းရှိ ဆရာတော်၊ ဘုန်းကြီး၊ သီလရှင်များနှင့် သက်ကြီးရွယ်အိုကလေးသူငယ်များအပါအဝင် စစ်ဘေးရှောင်ပြည်သူများကို အတင်းအဓမ္မနှင်ထုတ် ခဲ့ကြောင်း သိရသည်။
ထို့သို့ အကြမ်းဖက်စစ်ကောင်စီတပ်သားများက ဘာသာရေးအဆောက်အဦများအတွင်း ဝင်ရောက် တပ်စွဲမှုကြောင့် ပြည်တွင်း/ပြည်ပရှိ ဆရာတော်များ၊ ဘုန်ကြီးရဟန်းများနှင့် ကက်သလစ်ခရစ်ယာန် ဘာသာဝင်များမှ အလွန်စိုးရိမ်ပူပန် စိတ်ထိခိုက်ခဲ့ရကြောင်း၊ လွိုင် ကော်မြို့အတွင်း တိုက်ပွဲကြောင့် သောင်းနှင့်ချီသောမြို့နေပြည်သူများနှင့် အခြားအရပ် ဒေသမှ လာရောက်စစ်ဘေးရှောင် သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
ထို့အပြင် စစ်ရေး၊ အုပ်ချုပ်ရေးတို့တွင် ရှုံးနိမ့် နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ပေါက်ကွဲ အား ပြင်းသော လက်နက်ကြီးများ၊ တိုက်လေ ယာဉ်များ အသုံးပြုကာ လွိုင်ကော်မြို့တွင်း/မြို့ပြင် နေရာအနှံ့အပြားကို ပစ်ခတ်ဗုံးကြဲခြင်းကြောင့် ပြည်သူအများအပြား သေဆုံးခြင်းနှင့် ဒဏ်ရာရရှိခြင်း များရှိခဲ့ကြောင်း၊ ထို့အပြင် ရာချီသောပြည်သူ့ နေအိမ်များလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရ သည်။
စစ်ရေးအရှိန်သည် ယခင်ကထက် မြင့်မားလာမည်ဖြစ်သောကြောင့် ပြည်သူလူ ထုများအနေဖြင့် လုံ ခြုံရေးပြင်ဆင်ထားရန်နှင့် အကြမ်းဖက်စစ်ကောင်စီစခန်းများနှင့် နီးကပ်စွာသွားလာနေထိုင်ခြင်း မပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို – DMO-Local PDF က မေတ္တာရပ်ခံထုတ်ပြန်ထား သည်။