25.5 C
Yangon

ပလက်ဝမြို့နယ်ရှိ ရဟတ်ယာဥ်ကွင်း ၂ ကွင်းပါသော ထရွန်အိုင် ဗျူဟာ စခန်းကို ရခိုင်တပ်တော် AA က တိုက်ခိုက် သိမ်းပိုက်

Must read

ပလက်ဝမြို့နယ်ရှိ ရဟတ်ယာဥ်ကွင်း ၂ ကွင်းပါသော ထရွန်အိုင် ဗျူဟာ စခန်းကို ရခိုင်တပ်တော် AA က တိုက်ခိုက် သိမ်းပိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၅

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ရဟတ်ယာဉ်ကွင်း ၂ ကွင်းပါသော အကြမ်းဖက် စစ်တပ်၏ ထရွန်အိုင် ဗျူဟာ စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း ရခိုင့်တပ်တော် – AA ထံမှ သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၄ ရက် မွန်းလွဲ ၁ နာရီ ၄ မိနစ်တွင် ပလက်ဝမြို့နယ်အတွင်းရှိ ရဟတ်ယာဉ် ကွင်း ၂ ကွင်းပါရှိသော အကြမ်းဖက် စစ်တပ်က အခိုင်အမာ ခြေကုတ်စခန်းအဖြစ် တည်ဆောက်ထားသော ထရွန်အိုင် ဗျူဟာ စခန်းကို ရခိုင်တပ်တော်က သိမ်းပိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား သေဆုံးအလောင်း များနှင့် လက်နက်ခဲယမ်းပစ္စည်းများ၊ စစ်အသုံးအဆောင် ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း ရခိုင့်တပ်တော် – AA တပ်ဖွဲ့များလည်း ထိခိုက်ကျဆုံးမှုရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်၍ ပလက်ဝမြိုနယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်၏ တရွန်အိုင်ဗျူဟာ စခန်းနှင့် နှုးဘူးဗျူဟာကုန်း တို့ကို ရခိုင်တပ်တော် – AA တပ်ဖွဲ့မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၂၁ ရက်ခန့်ကြာ၌ တရွန်အိုင်ဗျူဟာ စခန်းကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ် ကြောင်း၊ ကျန်ရှိနေသော နှုးဘူးဗျူဟာစခန်းကိုလည်း သိမ်းပိုက် ရရှိရန် ဆက်တိုက်ခိုက်လျက်ရှိ ကြောင်း သိရသည်။

ယင်းစစ်တပ်စခန်း ၂ ခု ကျဆုံးမှုမရှိစေရေး အတွက် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူ အမြောက်အများ အသုံးပြုခဲ့သည့်အပြင် Chemical Warfare Agents ဓာတု ဓာတ်ငွေ့ပါသော ဗုံးများဖြင့်လည်း နေ့ရော၊ ညပါ ရက်ဆက် ပစ်ခတ်တိုက်ခိုက် ကာကွယ်ခဲ့‌ကြောင်း သိရသည်။

အလားတူ ရခိုင်ပြည်နယ်၊ ပေါက်တောမြိုအတွင်း၌လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ ရက္ခိုင့်တပ်တော် မှ သိမ်းပိုက်ထားသော စစ်ကောင်စီတပ်စခန်းကုန်းများ၊ စစ်ကောင်စီတပ်သားများ စွန့်လွှတ် ထားခဲ့သော နယ်စပ်စခန်းများ၊ ဆက်လက်သိမ်းယူရန် လျာတားထားသော ဗျူဟာစခန်း များနှင့် သိမ်းပိုက်ပြီးနောက် ရရှိလာမည့် စခန်းများအားလုံးကို ကာကွယ်စောင့်ရှောက်ရန်အတွက် အာရက္ခတိုင်းပြည် အပေါ် အမှန်တကယ် ချစ်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်ကြမည့် “Defenders of Our Fatherland” အာရက္ခစစ်သည် တော်သစ်များ လိုအပ်လျက်ရှိကြောင်း၊ ထို့ကြောင့် အမျိုးသားရေး အသိတရား၊ တာဝန်သိစိတ်၊ တာဝန်ယူလိုစိတ် အပြည့်အဝရှိကြသော လူငယ်များအား တိုင်းပြည်တာဝန်ထမ်းဆောင်ရန် ရခိုင့်တပ်တော် – AA က ဖိတ်ခေါ်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article