25 C
Yangon

ရွှေဘိုမြို့နယ်၊ ကျေးရွာ ၂ ရွာရှိ စစ်ကောင်စီ တပ်သားများနှင့် ရွှေဘိုမြို့ အဝင်မုဒ်ပေါက်ရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၅ ဦးသေဆုံး

Must read

ရွှေဘိုမြို့နယ်၊ ကျေးရွာ ၂ ရွာရှိ စစ်ကောင်စီ တပ်သားများနှင့် ရွှေဘိုမြို့ အဝင်မုဒ်ပေါက်ရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၅ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျေးရွာ ၂ ရွာရှိ စစ်ကောင်စီ တပ်သားများနှင့် ရွှေဘိုမြို့ အဝင်မုဒ်ပေါက်ရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၅ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်နေ့တွင် သီးလုံးပျူ‌စောထီးကျေးရွာရှိ စစ်ကောင်စီ တပ်သားများကို ၆၀ မမ ဗုံးသီး၊ RPG နှင့် ဗုံးသီး အစစ်များကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရွှေဘိုမြို့ မုဒ်ပေါက်ရှိ စစ်သားများနှင့် ပန်ရံ ပျူစောထီးကျေးရွာရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Wild Tiger LPDF ဦးဆောင်သော ရွှေဘို တိုက်နယ်-၂ မဟာမိတ်တပ်ပေါင်းစု ညီ‌နှောင်များဖြစ်ကြသော ၊Bo Ba Taw Shwebo-LPDF၊ တိမ်လွှာအဖွဲ့၊GOLDEN EAGLE-ZBG၊ ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF၊ Shwebo Crocodile ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ LIGHTNING DRONE FROCE ( We are everywhere) ဒရုန်းတပ်ဖွဲ့ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article